1964

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဇွန်လအတွင်း ကျေးရွာပေါင်း (၃၆) ရွာ၌ အမျိုးသမီးနှင့် မိသားစုဘဝဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်

ဒေသတွင်းသတင်း / ဒေသတွင်း
29 June 2026

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဇွန်လအတွင်း ကျေးရွာပေါင်း (၃၆) ရွာ၌ အမျိုးသမီးနှင့် မိသားစုဘဝဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်


နမ့်ဆန်၊ ဇွန် ၂၉ ရက်

တအာင်းပြည်သတင်း


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း တအာင်းပြည်ရှိ မြို့နယ် (၉) မြို့နယ်မှ ကျေးရွာပေါင်း (၃၆) ရွာတွင် ပြည်သူလူထု စုစုပေါင်း (၁,၂၉၆) ဦးအား အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုဘဝဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။



အဆိုပါ ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၃)ရွာ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၆)ရွာ၊ မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၁၃)ရွာ၊ မိုင်းယော်မြို့နယ်ရှိ ကျေးရွာ (၂)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၅)ရွာ၊ နမ့်ဖက်ကာမြို့နယ်ရှိ ကျေးရွာ (၂)ရွာ၊ မိုင်းငေါ့မြို့နယ်ရှိ ကျေးရွာ (၂)ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ (၂)ရွာနှင့် သီပေါမြို့နယ်ရှိ ကျေးရွာ (၁)ရွာတို့ ဖြစ်ကြပါသည်။ 



ယင်းမြို့နယ် (၉)မြို့နယ်ရှိ ပြည်သူလူထု စုစုပေါင်း (၁,၂၉၆) ဦးအား အမျိုးသမီးအခွင့်အရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကျန်မာရေး၊ အမျိုးသမီးနှင့်ပညာရေး၊ မိသားစုစီမံကိန်း၊ အမျိုးသမီးနှင့် ပျော်ရွှင်သောမိသားစု၊ Online "ကျားဖြန့်"၊ အိမ်တွင်းအကြမ်းဖက်မှု၊ မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးနှင့် စီးပွားရေးဆိုင်ရာအကြောင်းအရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။



PSLF/TNLA ၏ အမျိုးသမီးဖွဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများ၏ အခြေခံလူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်နိုင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျှော့ချနိုင်ရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် လူထုအသိပညာပေးစည်းရုံးရေး၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်တ်စီးဆင်းမှုလုပ်ငန်းများအပြင် အသက်မွေးဝမ်းကျောင်းတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကိုလည်း အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် ပြီးခဲ့သည့် မေလအတွင်းလည်း မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၁)ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ (၁)ရွာ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၃)ရွာနှင့် နမ္မတူမြို့နယ်ရှိ ကျေးရွာ (၈)ရွာတို့တွင် ပြည်သူလူထု စုစုပေါင်း (၆၈၅)ဦးအား အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


Facebook Official - Ta’ang Land News-Burmese Version

https://www.facebook.com/profile.php?id=61587414122969


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဇွန်လအတွင်း ကျေးရွာပေါင်း (၃၆) ရွာ၌ အမျိုးသမီးနှင့် မိသားစုဘဝဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်