1990

တအာင်းစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တအာင်းစာပေနေ့ (၅၄) နှစ်ပြည့် အထိမ်းအမှတ် ပြိုင်ပွဲများ တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်၍ ကျင်းပသွားမည်

ဒေသတွင်းသတင်း / ဒေသတွင်း
10 July 2026

တအာင်းစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တအာင်းစာပေနေ့ (၅၄) နှစ်ပြည့် အထိမ်းအမှတ် ပြိုင်ပွဲများ တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်၍ ကျင်းပသွားမည်


နမ့်ဆန်၊ ဇူလိုင် ၁၀ ရက်

တအာင်းပြည်သတင်း

 

တအာင်းစာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ တအာင်းစာအဖွဲ့ (TLA) မှ လာမည့် သြဂုတ်လ (၃၀) ရက်နေ့တွင် ကျရောက်မည့် တအာင်းစာပေနေ့ (၅၄) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံများတွင် နေထိုင်ကြသော တအာင်းတိုင်းရင်းသားများအတွက် တအာင်းရုံးသုံးစာပေနှင့် သက်ဆိုင်သည့် ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါ ပြိုင်ပွဲများတွင် ဆောင်းပါး (Article)၊ ကဗျာ (Poem)၊ ဘာသာပြန် (Translation)၊ ပုံပြင် (Story)၊ ကာတွန်း (Cartoon) နှင့် ပန်းချီ (Painting) ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်များအနေဖြင့် တအာင်းစာအဖွဲ့ (TLA) မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ပြိုင်ပွဲဝင်ပုံစံများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။


 

ပြိုင်ပွဲဝင်များသည် မိမိတို့၏ လက်ရာများနှင့်အတူ အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကို ပူးတွဲဖော်ပြ၍ သြဂုတ်လ (၂၃) ရက်နေ့ နောက်ဆုံးထားပြီး တအာင်းစာအဖွဲ့ထံ ပေးပို့ရမည်ဖြစ်သည်။

 

ထို့နောက် ပေးပို့လာသော စာများကို တအာင်းစာအဖွဲ့မှ စိစစ်အကဲဖြတ်၍ ဆုရရှိသူများကို အကြောင်းကြားပေးသွားမည်ဖြစ်သည်။ ဆုရရှိသူများအား လာမည့် သြဂုတ်လ (၃၀) ရက်နေ့ ကျရောက်မည့် တအာင်းစာပေနေ့ (၅၄) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

 

တအာင်းစာပေနေ့သည် တအာင်းစာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပလေ့ရှိသည့် အထိမ်းအမှတ်နေ့ဖြစ်ပြီး၊ ယခုနှစ် (၅၄) နှစ်ပြည့် အထိမ်းအမှတ်တွင် လူငယ်များ၏ စာပေဖန်တီးနိုင်စွမ်းနှင့် ဘာသာစကားအသုံးပြုမှု ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ အဆိုပါပြိုင်ပွဲများကို ထည့်သွင်းကျင်းပခြင်းဖြစ်သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တအာင်းစာပေနေ့ (၅၄) နှစ်ပြည့် အထိမ်းအမှတ် ပြိုင်ပွဲများ တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်၍ ကျင်းပသွားမည်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်