1993

လမ်းမကြီးနှင့် ကျေးရွာများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများ စုပေါင်း၍ လမ်းများပြုပြင်းခြင်း၊ မြက်ပင်ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
11 July 2026

လမ်းမကြီးနှင့် ကျေးရွာများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများ  စုပေါင်း၍ လမ်းများပြုပြင်းခြင်း၊ မြက်ပင်ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့


နမ့်ဆန်၊ ဇူလိုင် ၁၁ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ ပန်လုံနှင့် မန်လီကျေးရွာကြားရှိ  လမ်းမကြီးတစ်လျှောက်နှင့် ကျောက်ဖြူ၊ ဟူးခင်ကျေးရွာအတွင်း လမ်းပေါ် ရေများမရောက်ရှိအောင် ရေမြောင်းများ တူးဖော်ခြင်း၊ လမ်းဘေးရှိ  နွယ်ပင်များ ရှင်းလင်းခြင်းနှင့်  ပျက်စီးနေသော လမ်းများပြုပြင်ပေးခြင်းလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါ လမ်းမကြီးသည် ခြုံပင်၊ မြက်ပင်များ ထူးထပ်နေပြီး ပြည်သူလူထုများ ခရီးသွားရာတွင် အန္တရာယ်များကြုံတွေ့နိုင်သောကြောင့် ယခုလို ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းရှင်းလင်းရေးလုပ်ငန်းကို ပြီးခဲ့သည့် ဇူလိုင်လ (၇)ရက်နေ့မှ စတင်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ပြည်သူလူထုများနှင့်အတူ ဝိုင်းဝန်းရှင်းလင်းပေးခဲ့ပါသည်။


အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၇) ရက်နေ့လည်း ကျောက်ဖြူနှင့် ဟူးခင်ကျေးရွာအတွင်း သာယာလှပသန့်ရှင်းစေရန်အတွက် လမ်းပေါ်တွင် ရေများမရောက်ရှိအောင် ရေမြောင်းများ တူးဖော်ပေးခြင်း၊ လမ်းဘေးရှိ မြက်ပင်း၊ နွယ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပျက်စီးနေသာ လမ်းများကို ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း လူဦးရေ (၃၀၀)ကျော် ဝိုင်းဝန်းရှင်းလင်းခဲ့ပါသည်။


ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် (၁)ရက်နေ့မှ (၄)ရက်နေ့လည်း ပန်လုံ၊ ချောင်းဆာ၊ ပန်ကိုင်နှင့် လီလုကြားရှိ လမ်းမကြီးတစ်လျှောက်တွင် မိဘပြည်သူလူထုများ သွားလာရေး ချောမွေ့စေရန်နှင့် ဘေးအန္တရာယ်များ မဖြစ်ပွားစေရန်အတွက် အုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများ ဝိုင်းဝန်းပြီး ခုတ်ထွင်ရှင်းလင်းပေးခဲ့ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လမ်းမကြီးနှင့် ကျေးရွာများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများ စုပေါင်း၍ လမ်းများပြုပြင်းခြင်း၊ မြက်ပင်ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်