1996

မိုင်းလုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁) ဦးနှင့် သုံးစွဲသူ (၂) ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
13 July 2026

မိုင်းလုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁) ဦးနှင့် သုံးစွဲသူ (၂) ဦး ဖမ်းဆီးရမိ
 
မိုင်းလုံ၊ ဇူလိုင် ၁၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းလုံမြို့နယ်၊ ပန်ခေါကျေးရွာ လမ်းခွဲတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများ ပပျောက်စေရေးအတွက် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ဦးနှင့် သုံးစွဲသူ အမျိုးသား (၂) ဦးကို ဖမ်းဆီးရမိခဲ့သည်။
 
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၆) ရက်နေ့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် အသက် (၅၁) နှစ်အရွယ် ဦးဆာအေးထံမှ ယာမစိတ်ကြွဆေးပြား (၂၃၅) ပြားနှင့် ဘိန်းဖြူ (၂.၄) ဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။


ထို့အပြင် ရှောင်တခင်စစ်ဆေးမှုများအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်သည့် အသက် (၂၈) နှစ်အရွယ် ကိုအိုက်တူနှင့် အသက် (၃၆) နှစ်အရွယ် ဦးအိုင်ငါဝ်တို့ထံမှ ယာမစိတ်ကြွဆေးပြား (၃) ပြားကို သိမ်းဆည်းရမိခဲ့ပြီး ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁) ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့် အညီဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲသူ (၂) ဦးကိုလည်းမူးယစ်ဆေး
ဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
 
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများ ပပျောက်စေရေး၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်း မန်တုံမြို့နယ်တွင်လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၈) ဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းလုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁) ဦးနှင့် သုံးစွဲသူ (၂) ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်