2007

နမ့်ဆန်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးနှင့် သုံးစွဲသူ (၁) ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
16 July 2026

နမ့်ဆန်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးနှင့် သုံးစွဲသူ (၁) ဦး ဖမ်းဆီးရမိ


နမ့်ဆန်၊ ဇူလိုင် ၁၆ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်၊ မန်လုံကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများ ပပျောက်စေရေးအတွက် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းအရ သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၁) ဦး၊ အမျိုးသား (၁) ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁) ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်အရ ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်နေ့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ အသက် (၄၉) နှစ်အရွယ် ဒေါ်ကုန်းဆာဆိုသူထံမှ ယာမစိတ်ကြွဆေးပြား (၂၅၀) ပြားကို သိမ်းဆည်းရမိခဲ့သည်။ အလားတူ ဇူလိုင်လ (၁၂) ရက်နေ့တွင်ပင် အသက် (၃၃) နှစ်အရွယ် ဦးအောင်လှဆိုသူထံမှ ယာမစိတ်ကြွဆေးပြား (၁၉) ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။


ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်နေ့တွင် အသက် (၂၅) နှစ်အရွယ် ဦးအောင်မင်းဆိုသူသည် မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သတင်းရရှိသဖြင့် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့သည်။


လက်ရှိတွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲသူ (၁) ဦးကိုလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများ ပပျောက်စေရေး၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၆) ရက်နေ့တွင်လည်း မိုင်းလုံမြို့နယ်၌ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁) ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ (၂) ဦးကို ဖမ်းဆီးရမိခဲ့သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးနှင့် သုံးစွဲသူ (၁) ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်