မန်တုံနှင့် နမ့်လန်းကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများ စုပေါင်း၍ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့
နမ့်ဆန်၊ သြဂုတ် ၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မန်တုံခရိုင်၊ မန်တုံနှင့် နမ့်မလန်းကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် လမ်းဘေးရှိ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများက စုပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ လမ်းမကြီးသည် ခြုံပင်၊ မြက်ပင်များ ထူထပ်နေပြီး ပြည်သူလူထုများ ခရီးသွားရာတွင် အန္တရာယ်များကြုံတွေ့နိုင်သောကြောင့် ယခုလို ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းရှင်းလင်းရေးလုပ်ငန်းကို ပြီးခဲ့သည့် သြဂုတ်လ (၁)ရက်နေ့၌ စတင်၍ မြို့နယ်အုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ပြည်သူလူထုများနှင့်အတူ ဝိုင်းဝန်းခုတ်ထွင် ရှင်းလင်းပေးခဲ့ပါသည်။

ထို့အပြင် လမ်းမပေါ်၌ ရေများမရောက်ရှိအောင် ရေမြောင်းများ တူးဖော်ပေးခြင်း၊ လမ်းဘေးရှိ မြက်ပင်၊ နွယ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း လူဦးရေ (၁၂၀)ကျော် ဝိုင်းဝန်းရှင်းလင်းခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၇) ရက်နေ့လည်း ပန်လုံနှင့် မန်လီကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်နှင့် ကျောက်ဖြူ၊ ဟူးခင်ကျေးရွာအတွင်း လမ်းပေါ် ရေများမရောက်ရှိအောင် ရေမြောင်းများ တူးဖော်ခြင်း၊ လမ်းဘေးရှိ နွယ်ပင်များ ရှင်းလင်းခြင်းနှင့် ပျက်စီးနေသော လမ်းများပြုပြင်ပေးခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများ စုပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ