2032

နမ့်ဆန်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
05 August 2026

နမ့်ဆန်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ


နမ့်ဆန်၊ သြဂုတ် ၅ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနတို့ကို သြဂုတ်လ (၃) နေ့ရက်၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကျင်းပခဲ့သည်။



ဆွေးနွေးပွဲတွင် ပျက်စီးနေသော လမ်းများ ပြန်လည်ပြုပြင်နိုင်ရေး၊ မြို့တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဒေသလုံခြုံရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် အရေးပေါ် ပြုပြင်မွမ်းမံရန် လိုအပ်နေသည့် လမ်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက တင်ပြခဲ့ကြပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။



ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကလည်း မိမိတို့ဒေသအတွင်း ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


ထို့အပြင် ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် မြို့ရပ်ကွက်နှင့် ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မိုးရာသီကာလအတွင်း ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန် လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်မှူး တာပါင်ဟာည်၊ ခရိုင်ရဲမှူး ဗိုလ်မှူး တားဆမဲင်ကုင်၊ ဒေါက်တာဟောည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဗိုလ်ဆမဲင်ရံက်၊ မြို့နယ်ရဲမှူး ဗိုလ်နောမျံမ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အပါအဝင် စုစုပေါင်း လူဦးရေ (၅၀) ကျော် တက်ရောက်ခဲ့ကြသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်