တအာင်းလူငယ်များ၏ အနာဂတ်ပညာရေးလမ်းကြောင်း ဖော်ဆောင်ပေးရန်အတွက် တရုတ်ဘာသာစကားဒီပလိုမာ ပတ်စဉ် (၂) သင်တန်းကျောင်းအတွက် သင်တန်းသူ/ သားများခေါ်ယူ
နမ့်ဆန်၊ သြဂုတ် ၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း တအာင်းလူငယ်များ၏ အနာဂတ်ပညာရေးလမ်းကြောင်းများ ဖော်ဆောင်ပေးနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ Ta’angland Chinese Language Center (TCLC) မှ ဦးဆောင်ဖွင့်လှစ်မည့် တရုတ်ဘာသာစကားဒီပလိုမာ (Diploma in Chinese Language) သင်တန်းအပတ်စဉ် (၂) အတွက် သင်တန်းသား၊ သင်တန်းသူများကို ခေါ်ယူနေကြောင်း အသိပေးအပ်ပါသည်။

အဆိုပါသင်တန်းသို့ လျှောက်ထားလိုသူများအနေဖြင့် တအာင်းပြည်အတွင်း နေထိုင်သည့် တအာင်းလူမျိုး၊ တအာင်းပြည်သားဖြစ်ရမည်ဖြစ်ပြီး ပညာအရည်အချင်းအနေဖြင့် စနစ်ဟောင်း (၁၀) တန်း (သို့မဟုတ်) စနစ်သစ် (၁၂) တန်း တက်ရောက်ပြီးသူများ ဖြစ်ရမည်။ လျှောက်ထားသူများသည် အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ပြီး အသက် (၂၂) နှစ်အောက်ရှိရမည်ဖြစ်သလို တအာင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီလိုသူများ ဖြစ်ရမည်ဖြစ်သည်။
သင်တန်းလျှောက်လွှာများကို စက်တင်ဘာလ (၁၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး သင်တန်းကာလတွင် (၂၀) လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်းပြီးဆုံးအောင်မြင်ပါက တရုတ်ဘာသာစကားဒီပလိုမာဘွဲ့ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသူများအနေဖြင့် တအာင်းပြည်အစိုးရ၏ လုပ်ငန်းဌာနများတွင် အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
၎င်းသင်တန်းကျောင်းကို ဖွင့်လှစ်ရခြင်းသည် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်၊ တအာင်းပြည်ပညာရေးမှတစ်ဆင့် နိုင်ငံတကာပညာရေးသို့ လက်လှမ်းမီနိုင်စေရန်၊ လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ရပ်တန့်နေသည့် ပညာရေးကို ဆက်လက်ဆည်းပူးနိုင်စေရန်နှင့် အခြေခံအထက်တန်းပညာ ပြီးမြောက်သူများအတွက် အဆင့်မြင့်ပညာရေး အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။
အလားတူ တရုတ်ဘာသာစကားဒီပလိုမာ (Diploma in Chinese Language) သင်တန်းအပတ်စဉ် (၁) ကို ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ