မိုင်းငေါ့မြို့တွင် မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း၍ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် လမ်းများကို ပြန်လည်ပြုပြင်ပေး
နမ့်ဆန်၊ သြဂုတ် ၁၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့တွင် မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ပျက်စီးသွားသည့် လမ်းများကို ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီးဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် လမ်းမကြီးပေါ် မြေပြိုမှုလည်း ဖြစ်ပွားခဲ့သည်။ ထို့မြေပြိုမှုကြောင့် ပြည်သူလူထုများ ခရီးသွားရန်တွင် အဆင်မပြေမှုများ ကြုံတွေ့ရင်ဆိုင်နေရသောကြောင့် စုပေါင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုရေကြီးရေလျှံမှုကြောင့် မိုင်းငေါ့နှင့် ကျောက်မဲမြို့နယ်သို့ဆက်သွယ်ထားသည့် လမ်းပိုင်းတချို့သည် ပျက်စီးသွားခဲ့ပြီး ထိုလမ်းကို မိုင်းငေါ့မြို့ရှိ မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း၍ ပြီးခဲ့သည့် သြဂုတ်လ (၈)ရက်နေ့မှ စတင်၍ လက်ရှိထိ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ယခုရက်ပိုင်းအတွင်း မိုးများအတက်မပြတ်ရွာသွန်းမှုကြောင့် တအာင်းပြည်အတွင် ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ပြည်သူလူထုများ စိုက်ပျိုးထားသည့် သီးနှံများလည်း ပျက်စီးဆုံးရှုံးခဲ့ပြီး ပျက်စီးသွားခဲ့သော လမ်းနှင့် တံတားများလည်း ပြည်သူများသွားလာအဆင်ပြေစေရန် အမြန်ဆုံး ပြန်လည်ပြုပြင်ရေးလုပ်ငန်းကို သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ဆောင်နေပါသည်။
Website Official
www.taangland.org
Telegram Official Channel
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ