2075

မိုင်းလုံမြို့တွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ရာမှ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
22 August 2026

မိုင်းလုံမြို့တွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ရာမှ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ

မိုင်းလုံ၊ သြဂုတ် ၂၂ ရက်

တအာင်းပြည်သတင်း

တအာင်းပြည်၊ မိုင်းလုံမြို့နယ်၊ လွယ်ခမ်းကျေးရွာအထက်နားတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာမှ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ဖြစ်စဉ်တွင် သြဂုတ်လ (၂၀) ရက်နေ့ နံနက်ပိုင်း (၉း၅၄)နာရီအချိန်၌ လားရှိုးမြို့မှ မန္တလေးမြို့သို့ လူသုံးကုန်စုံပစ္စည်းများကို တင်ဆောင်ပြီး မောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီးသည် လွယ်ခမ်းကျေးရွားအထက်နားရောက်ရှိသည့်အချိန် ရှေ့တိုင်လော့ပြုတ်သွားသောကြောင့် တိမ်းမှောက်သွားခဲ့ပါသည်။ 


ထို့ယာဉ်တိမ်းမှောက်မှုကြောင့်  ယာဉ်မောင်းနှင့် နောက်လိုက်တစ်ဦးမှ ခါး၊ ခြေထောက်၊ ဒူးနှင့် လက်ဆစ်များတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသရန် ပြည်သူလူထုများက ဝိုင်းဝန်းပို့ဆောင်ပေးခဲ့ပါသည်။ အခင်းဖြစ်ပွားခဲ့သောနေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးမှုပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ 


အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်နေလည်း  နမ့်ဆန်မှ နောင်ချိုသို့ ထွက်ခွာသွားသော စားသောက်ကုန်တင်ယာဉ်တစ်စီးသည် နားယကျေးရွာရောက်နေချိန် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းချော်ပြီး ချောက်အတွင်း တိမ်းမှောက်သွားခဲ့သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TLG

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းလုံမြို့တွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ရာမှ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်