မန်တုံတွင် ပျက်စီးနေသောကျေးရွာချင်းဆက် လမ်းများကို အုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများ စုပေါင်း၍ ပြုပြင်ခြင်း၊ မြက်ပင်၊ နွယ်ပင်များ ခုတ်ထွင်ရှင်းလင်းခဲ့
မန်တုံ၊ သြဂုတ် ၂၇ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မန်တုံမြို့နယ်၊ ထပ်ချက်၊ ပန်ဆွေနှင့် စေကော်ကျေးရွာကြား ပျက်စီးနေသောကျေးရွာချင်းဆက် လမ်းမတစ်လျှောက်တွင် ရေမြောင်းများ တူးဖော်ခြင်း၊ မြက်ပင်၊ နွယ်ပင်များ ရှင်းလင်းခြင်း၊ လမ်းများ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများ ဦးဆောင်၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ထပ်ချက်နှင့် ပန်ဆွေကျေးရွာကြားရှိ လမ်းမကြီးသည် ခြုံပင်၊ မြက်ပင်များ ထူးထပ်နေသည့်အပြင် မိုတွင်းကာလတွင် တံတားလည်း ပျက်စီးနေသဖြင့် ပြည်သူလူထုများ ခရီးသွား၌ အန္တရာယ်များရင်ဆိုင်ကြုံတွေ့နိုင်သောကြောင့် ပြီးခဲ့သည့် သြဂုတ်လ (၂၁) ရက်နေ့မှ စတင်ခဲ့ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ပြည်လူထုများနှင့်အတူ ဝိုင်းဝန်းရှင်းလင်းပေးခဲ့ပါသည်။
မန်တုံနှင့် စေကော်ကျေရွားကြားလည်း ပြီးခဲ့သည့် သြဂုတ်လ (၁၉) ရက်နေ့တွင် လမ်းများကို ပြုပြင်ပေးခြင်း၊ လမ်းပေါ်တွင် ရေများမရောက်ရှိအောင် ရေမြောင်းများ တူးဖော်ပေးခြင်းနှင့် လမ်းဘေးရှိ မြက်ပင်၊ နွယ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို စုစုပေါင်း လူဦးရေ (၂၀၀) ဦးကျော် ဝိုင်းဝန်းရှင်းလင်းခဲ့ပါသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့လည်း မော်လုံ၊ မန်ပွန်းထပ်ချက်နှင့် ရေပုံးကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် မိဘပြည်သူလူလူထုများ သွားလာရေး ချောမွေ့စေရန်နှင့် ဘေအန္တရာယ်များ မဖြစ်ပွားစေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများမှ ဝိုင်းဝန်းပြီး ခုတ်ထွင်ရှင်းလင်းပေးခဲ့သည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ