2146

လုံကန်ကျေးရွာတွင် တူမီးသေနတ်ဖြင့် ပစ်ခတ်ရာမှ အမျိုးသားတစ်ဦးကို ထိမှန်ပြီးသေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
12 September 2026

လုံကန်ကျေးရွာတွင် တူမီးသေနတ်ဖြင့် ပစ်ခတ်ရာမှ အမျိုးသားတစ်ဦးကို ထိမှန်ပြီးသေဆုံး


မိုင်းဝီး၊ စက်တင်ဘာ ၁၂ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ မိုင်းဝီးမြို့နယ်၊ ဆိုင်လိန်းကျေးရွာအုပ်စု၊ လုံကန်ကျေးရွာတွင်  အမျိုးသားတစ်ဦးသည် တောကောင်ထင်ယောင်မှား၍ တူမီးသေနတ်ပစ်ခတ်ရာမှ အမျိုးသားတစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့သည်။



ဖြစ်စဉ်တွင်  ပြီးခဲ့သည့် စက်တင်ဘာလ (၈) ရက်နေ့၌ ဦးညီခမ်းနှင့် ဦးညီမောင်တို့ တောလိုက်ပြီး ပြန်လာနေစဉ် အသက် (၃၀) နှစ်အရွယ် ဦးလုမ်မွန်းက ၎င်းတို့ကို တောကောင်ထင်ယောင်မှားပြီး ပစ်ခတ်ခဲ့ပါသည်။ ထို့နောက် ဦးညီခမ်း၏ ဝမ်းဗိုက်တွင် ကျည်ထိမှန်ပြီး ၎င်းကို ဆေးကုသရန် ပို့ဆောင်နေချိန် သေဆုံးသွားခဲ့ပါသည်။


အဆိုပါ ဖြစ်စဉ်ကိစ္စနှင့်ပတ်သက် ကျေးရွာတာဝန်ရှိသူများမှ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါသည်။ ယင်းနောက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး  PSLF/TNLA ၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ၎င်းအခင်းဖြစ်ပွားနေရာကို သွားရောက်စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။


ထို့ပြစ်မှုကျူးလွန်သူ ဦးလုမ်မွန်းကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ ၎င်းကိုင်ဆောင်သည့် တူမီးသေနတ်ကိုလည်း သိမ်းဆည်းထားပါသည်။


အလားတူ ပြီးခဲ့သည့် ဇွန်လ (၅)ရက်နေ့တွင် မိုင်းဝီးမြို့နယ်၊ နမ့်စန်ကျေးရွာရှိ အသက်‌ (၆၁) နှစ်အရွယ် ဦးယိုင်ခိုသည် နေအိမ်အတွင်း၌ ထားရှိသည့် တူမီးသေနတ်ကို ယူ၍ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လုံကန်ကျေးရွာတွင် တူမီးသေနတ်ဖြင့် ပစ်ခတ်ရာမှ အမျိုးသားတစ်ဦးကို ထိမှန်ပြီးသေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်