2155

တအာင်းပြည် ပညာရေးကောင်စီ-TLEC မှ Teacher Manual နှင့် Education Policy ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
15 September 2026

တအာင်းပြည် ပညာရေးကောင်စီ-TLEC မှ Teacher Manual နှင့် Education Policy ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး


နမ့်ဆန်၊ စက်တင်ဘာ ၁၅ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် ပညာရေးကောင်စီ-TLEC သည် သင်ကြားရေးအရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ လက်တွေ့မြေပြင် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ရည်ရွယ်၍ Teacher Manual နှင့် Education Policy (ပညာရေးဆိုင်ရာမူဝါဒ) ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။



အဆိုပါဆွေးနွေးပွဲတွင် သင်ကြားရေးအကြောင်းအရာများ၊ သင်နည်းစနစ် လမ်းညွှန်ချက်များနှင့် ဆရာ/မများ၏ လက်တွေ့သင်ကြားရေး၌ အမှန်တကယ် အသုံးချနိုင်မှု အခြေအနေများကို အဓိကထား အလေးထားဆွေးနွေးခဲ့ကြသည်။ မြေပြင်ရှိ ကျောင်းအသီးသီးမှ ဆရာ/မများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စေရန် ထိရောက်ဆန်းသစ်သော သင်ကြားရေးလမ်းညွှန်စာအုပ်များ ဖြစ်လာစေနိုင်အတွက် အသေးစိတ် ပြန်လည်ဆွေးနွေး ပြင်ဆင်မွမ်းမံခဲ့ကြသည်။



ထို့အပြင် ဒေသအတွင်း ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားရေး၊ ကျောင်းသား/သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သည့် ပညာရေးဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရေးအတွက် လက်ရှိကျင့်သုံးနေသည့် ပညာရေးဆိုင်ရာ မူဝါဒများ (Education Policy) ကိုလည်း ပိုမိုခိုင်မာအားကောင်းအောင် သုံးသပ်ဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးပွဲကို မြို့နယ်ပညာရေးရုံးများမှ ပညာရေးမှူးများနှင့် ဒုတိယပညာရေးမှူးများ၊ အထက်တန်းပြ၊ အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်နှင့် မူလတန်းကျောင်းအုပ် ဆရာ/မများ၊ TLEC ရုံးအဖွဲ့မှ ဆရာ/မများ၊ TLG ပညာရေးအဖွဲ့ဝင်များစသည့် ပညာရေးကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများနှင့် ပညာရေးဝန်ထမ်းများ စုံလင်စွာ တက်ရောက်ကာ မိမိတို့၏ လက်တွေ့အတွေ့အကြုံများကို အခြေခံ၍ တက်ကြွစွာ အကြံပြုဆွေးနွေးခဲ့ကြသည်။


တအာင်းပြည်ပညာရေးကောင်စီ -TLEC အနေဖြင့် ယခုကဲ့သို့ မူဝါဒနှင့် သင်ကြားရေးလမ်းညွှန်များကို ပြန်လည်မွမ်းမံခြင်းဖြင့် အနာဂတ်တွင် ပိုမိုစနစ်ကျပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်တစ်ခုကို ဖော်ဆောင်သွားမည်ဖြစ်ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် ပညာရေးကောင်စီ-TLEC မှ Teacher Manual နှင့် Education Policy ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်