နမ့်ဆန်မြို့နယ် မန်စုံကျေးရွာတွင် ပျားပိတုန်းတုတ်ခံရမှုကြောင့် အမျိုးသမီး (၂) ဦး သေဆုံး
နမ့်ဆန်၊ စက်တင်ဘာ ၂၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်အုပ်စု၊ မန်စုံကျေးရွာတွင် လက်ဖက်ခူးနေစဉ် ပျားပိတုန်းတုတ်ခံရသည့် အမျိုးသမီး (၂)ဦးသည် စက်တင်ဘာ (၁၉)ရက်နှင့် (၂၀)ရက်တို့တွင် သေဆုံးခဲ့သည်။
စက်တင်ဘာ (၁၉)ရက် နေ့လယ် (၁)နာရီခွဲအချိန်တွင် အသက် (၄၇)နှစ်အရွယ် ဒေါ်မိုးဌေးနှင့် အသက် (၄၉)နှစ်အရွယ် ဒေါ်လှမြိုင်တို့သည် လက်ဖက်ခူးနေစဉ် ပျားပိတုန်းတုတ်ခံခဲ့ရခြင်းဖြစ်သည်။
ပျားပိတုန်းတုတ်ခံရမှုကြောင့် ဒေါ်မိုးဌေးမှာ ဆေးရုံသို့ မပို့ဆောင်ခဲ့ရဘဲ စက်တင်ဘာ (၁၉)ရက် ည (၆)နာရီခွဲအချိန်တွင် နေအိမ်၌ သေဆုံးခဲ့သည်။
ဒေါ်လှမြိုင်ကိုမူ နမ့်ဆန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့သည်။ ဆရာဝန်၏ ပြောကြားချက်အရ ပျားပိတုန်းတုတ်ခံရပြီးနောက် မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံး ဖူးရောင်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ သွေးပေါင်ချိန် အလွန်အမင်းကျဆင်းခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြစ်သောကြောင့် ဆရာဝန်မှ အသက်ကယ်ဆေးထိုးပေးခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ရာ စက်တင်ဘာ (၂၀)ရက် နံနက် (၅) နာရီခွဲအချိန်တွင် သေဆုံးခဲ့သည်။
ပျားနှင့် အခြားအင်းဆက်ပိုးမွှားများ တုတ်ခံရပြီးနောက် အသက်ရှူကြပ်ခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်ဖူးရောင်ခြင်း၊ မူးဝေခြင်း (သို့မဟုတ်) သတိလစ်ခြင်းတို့ ဖြစ်ပေါ်လာပါက အသက်အန္တရာယ်ရှိနိုင်သည့် အခြေအနေဖြစ်သောကြောင့် အနီးဆုံးဆေးရုံသို့ အမြန်ဆုံးပို့ဆောင်၍ ဆေးကုသမှုခံယူသင့်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ