မိုင်းဝီးမြို့နယ်တွင် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်ဆိုင်ရာအကြမ်းဖမ်းမှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
မိုင်းဝီး၊ အောက်တိုဘာ ၅ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မိုင်းဝီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

ဖြစ်စဉ်တွင် လွန်ခဲ့သော (၆) လဝန်းကျင်အတွင်း အသက် (၂၅) နှစ်အရွယ် ဦးညီပေသည် ကျွဲထွက်ရှာရင်း လက်ဖက်ခြံအတွင်း လက်ဖက်ခူးနေသည့် အသက် (၄၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အတင်းအဓ္ဓအကြမ်းဖက်မှု ကျူးလွန်ခဲ့သည်။
ထို့နောက် အဆိုပါ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကျေးရွာတာဝန်ရှိသူများက စုံစမ်းသိရှိပြီးနောက် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ တိုင်းကြားချက်အရ ပြစ်မှုကျူးလွန်သူ အဆိုပါအမျိုးသားကို အောက်တိုဘာလ (၃) ရက်နေ့တွင် သွားရောက် ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ကြောင့် ကလေးသူငယ်/ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် မိဘပြည်သူလူထုများအားလုံး၏ ပူးပေါင်းပါဝင်မှု အရေးကြီးသောကြောင့် သံသယဖြစ်ဖွယ် အခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ချက်ချင်း အသိပေးတိုင်ကြားကြပါရန် တိုက်တွန်းအပ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ