နမ့်ခမ်းမြို့တွင် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ (၂ ) ဦးနှင့် ရောင်းဝယ်သူ (၁ ) ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
နမ့်ခမ်း၊ အောက်တိုဘာ ၅ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ (၂) ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ဦးတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက် ညနေ (၃း၀၀) နာရီအချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲနေသည်ဟု သတင်းရရှိသဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် (၄၅) နှစ်အရွယ် ဦးအိုက်ဆမ်နှင့် ဒေါ်မိုးမိုးအေးတို့ထံမှ ဘိန်းဖြူ ၁၂.၂ ဂရမ်၊ ဖုန်း (၃) လုံး၊ မူးယစ်ဆေးဝါးထည့်ရန် အသုံးပြုသည့် ပိုက်များနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ကုန်းဆာရပ်ကွက်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟု သတင်းရရှိသဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် (၄၆) နှစ်အရွယ် ဦးယုန်နိုင်ထံမှ ဘိန်းဖြူ ၂၀၃.၄ ဂရမ်၊ ယာမဆေးပြား ၃၅၈.၆ ဂရမ်၊ ဖုန်း (၁) လုံး၊ ဆိုင်ကယ် (၁) စီးနှင့် မှတ်ပုံတင် (၁) ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိထားသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူများကိုလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ