နမ့်ဆန်မြို့နယ်တွင် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီး
နမ့်ဆန်၊ အောက်တိုဘာ ၇ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့နယ် မန်လုံးအုပ်စုရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ (၂၆) ရက်မှ (၂၈) ရက်အထိ ကျောက်မဲမြို့ရှိ ဆွေမျိုးများထံ အလည်အပတ်သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်တွင် အသက် (၄၅) နှစ်အရွယ် ဦးထွန်းအိန်နှင့်အတူ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို နှစ်ကြိမ်တိုင်တိုင် ကျူးလွန်ခဲ့သည်။
အဆိုပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကျေးရွာတာဝန်ရှိသူများထံ အကြောင်းကြားခဲ့ပြီးနောက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ထံသို့ သွားရောက်တိုင်းကြားခဲ့ပါသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ တိုင်းကြားချက်အရ ပြစ်မှုကျူးလွန်သူ အဆိုပါအမျိုးသားကို အောက်တိုဘာလ (၁) ရက်နေ့တွင် သွားရောက် ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။
အလားတူ မိုင်းဝီးမြိုနယ်ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် အောက်တိုဘာလ (၃)ရက်နေ့၌ သွားရောက်ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေနှင့် အညီအရေးယူမှုဆောင်ရွက်လျက်ရှိနေပါသည်။
ထိုကြောင့် ကလေးသူငယ်/ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် မိဘပြည်သူလူထုများအားလုံး၏ ပူးပေါင်းပါဝင်မှု အရေးကြီးသောကြောင့် သံသယဖြစ်ဖွယ် အခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ချက်ချင်း အသိပေးတိုင်ကြားကြပါရန် တိုက်တွန်းအပ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ