2242

တအာင်းပြည်ပညာရေးကောင်စီ TLEC မှ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးအတွက် နမ့်ခမ်းမြို့နယ်ရှိ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး

ဒေသတွင်းသတင်း / ဒေသတွင်း
17 October 2026

တအာင်းပြည်ပညာရေးကောင်စီ TLEC မှ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးအတွက် နမ့်ခမ်းမြို့နယ်ရှိ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး

 

နမ့်ခမ်း၊ အောက်တိုဘာ ၁၇ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ခမ်းမြို့နယ်တွင် ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခန့်ထားရေး၊ အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများကို ပိုမိုနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ နမ့်ခမ်းမြို့ရှိ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

 



တွေ့ဆုံဆွေးနွေးပွဲတွင် TLEC ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးက တွေ့ဆုံပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် လက်ရှိဆောင်ရွက်နေသည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဌာန ဒါရိုက်တာက TLEC ၏ လက်ရှိကျင့်သုံးနေသော ရာထူးတိုးမြှင့်ခန့်ထားရေးမူဝါဒများကို ရှင်းလင်းပြောကြားခဲ့သည်။




ထို့အပြင် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းခြင်းနှင့် အကြံပြုချက်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြရာ TLEC တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။



 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသများတွင် စိတ်ချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် TLEC ၏ ရာထူးတိုးမြှင့်ခန့်ထားရေး၊ အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများကို ပိုမိုနားလည်သဘောပေါက်စေရေးတို့အတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

 



တွေ့ဆုံဆွေးနွေးပွဲသို့ TLEC ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဌာန ဒါရိုက်တာ၊ နမ့်ခမ်းမြို့နယ်ပညာရေးမှူးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများအပါအဝင် လူဦးရေ (၅၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

 

Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ပညာရေးကောင်စီ TLEC မှ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးအတွက် နမ့်ခမ်းမြို့နယ်ရှိ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး
Tags: တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်