2248

နမ္မတူမြို့တွင် တအာင်းပြည်လူဝင်မှုကြီးကြပ်ရေး အပတ်စဉ်(၂) သင်တန်းဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပပြီးစီ

ဒေသတွင်းသတင်း / ဒေသတွင်း
22 October 2026

နမ္မတူမြို့တွင် တအာင်းပြည်လူဝင်မှုကြီးကြပ်ရေး အပတ်စဉ်(၂) သင်တန်းဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပပြီးစီး

နမ္မတူ၊ အောက်တိုဘာ ၂၂ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ္မတူမြို့တွင် တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအပတ်စဉ် (၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန့်နေ့ အောက်တိုဘာလ (၂၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။




အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးဌာနမှူး ဗိုလ်မှူး ရူစိင်မှ  သင်တန်းသားများကို  နွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်ပြီး လူဝင်မှုကြီးကြပ်ရေးကဏ္ဍသည် ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးအတွက်  အရေးပါကြောင်း ရှင်းလင်းပြောကြားခဲ့ကာ ဝန်ထမ်းများအနေဖြင့် စည်းကမ်းရှိမှု၊ ဖြောင့်မတ်မှန်ကန်မှုတို့ကို အလေးထားလိုက်နာရန်၊ တရားမဝင် ဝင်ရောက်မှုများကို ထိရောက်စွာ တားဆီးနိုင်ရန်၊ သင်တန်းတွင် တက်ကြွစွာ သင်ယူလေ့လာပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။




သင်တန်းဖွင့်လှစ်ရခြင်းသည် တအာင်းပြည်အတွင်း ပြည်သူ့အင်အားစာရင်းများ မှန်ကန်စွာ ပြုစုထိန်းသိမ်းနိုင်ရန်၊ လူဝင်ထွက်မှုများကို စနစ်တကျ ကြီးကြပ်ထိန်းသိမ်းရန်နှင့် မှတ်ပုံတင်ထုတ်ပေးခြင်း၊ ကြီးကြပ်ခြင်းလုပ်ငန်းများမှတစ်ဆင့် ပြည်နယ်သားများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။




သင်တန်းကာလတွင် (၂)လခွဲကြာမြင့်မည်ဖြစ်ပြီး  သင်တန်းသူ(၃၅)ဦး၊ သင်တန်းသား (၁၅)ဦး စုစုပေါင်း(၅၀)ဦးရှိ တက်ရောက်လျက်ရှိသည်။  သင်တန်းတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအပြင် တအာင်းရုံးသုံးစာ၊ လုပ်ငန်းသုံး Computer အတတ်ပညာ၊ ရုံးလုပ်ငန်းစီမံခန့်ခွဲမှု၊ စီမံကိန်းစက်ဝန်း စီမံခန့်ခွဲမှု၊ Public Speaking နှင့် စာရင်းအင်းအတတ်ပညာများကိုလည်း သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။




၎င်းသင်တန်းပြီးဆုံးသွားပါက  ဝန်ထမ်းသစ် (၅၀) ဦးသည်   တအာင်းပြည်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင်  တာဝန်ခွဲဝေ ထမ်းဆောင်ကာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးဌာနမှူး ဗိုလ်မှူး ရူစိင်၊ နမ္မတူမြို့နယ်မှူး ဗိုလ်မှူး ပ္လါင်ဇာရ်၊ ဌာနဝန်ထမ်းများ၊ သင်တန်းပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသားများအပါအဝင် စုစုပေါင်း လူဦးရေ (၇၀) ဦး တက်ရောက်ခဲ့ကြသည်။

အလားတူ လူဝင်မှုကြီးကြပ်ရေး စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အပတ်စဉ် (၁) ကို သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၂၈) ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် စက်တင်ဘာလ (၂၈) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့တွင် တအာင်းပြည်လူဝင်မှုကြီးကြပ်ရေး အပတ်စဉ်(၂) သင်တန်းဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပပြီးစီ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်