2261

နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု (၃) ကြိမ်ဖြစ်ပွား၊ (၁) ဦးသေဆုံး၊ (၆) ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
02 November 2026

နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု (၃) ကြိမ်ဖြစ်ပွား၊ (၁) ဦးသေဆုံး၊ (၆) ဦး ထိခိုက်ဒဏ်ရာရ

 

နမ့်ဆန်၊ နိုဝင်ဘာ ၂ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလတစ်လအတွင်း ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု (၃) ကြိမ်ဖြစ်ပွားခဲ့ရာမှ (၁) ဦးသေဆုံးပြီး (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂) ရက်နေ့၌ မန္တလေးမှ နမ့်ဆန်သို့ မောင်းနှင်လာသည့် ခရီးသည်ယာဉ်တစ်စီးသည် နမ့်ဆန်မြို့အဝင် လက်ဖက်စက်ရုံအောက်ရှိ ပန်စပိန်းလမ်း ကုန်းအတက်နေရာသို့ ရောက်ရှိစဉ် ၎င်းကုန်းကို မတက်နိုင်ဘဲ နောက်ပြန်လိမ့်ကာ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး (၁) ဦးသေဆုံးသွားခဲ့ပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

 



ထို့အပြင် အောက်တိုဘာ (၉) ရက်နေ့လည်း နမ့်ဆန်မြို့သို့ ပို့ဆောင်ရန် ဆန်အိတ်များ တင်ဆောင်မောင်းနှင်လာစဉ် ကားတစ်စီးသည် ပန်စမိန်းကျေးရွာအောက်ရှိ ချောင်းအတက်နေရာ ရောက်ရှိချိန်တွင် ကားဘရိတ်ပေါက်ကာ ကားနောက်ပြန်လိမ့်၍ ချောက်ထဲသို့ ထိုးကျခဲ့သည်။ အဆိုပါကား၏ နောက်ခန်းတွင် လိုက်ပါလာသူ အမျိုးသား (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

အလားတူ အောက်တိုဘာလ (၁၀) ရက်နေ့လည်း အသက် (၃၈) နှစ်အရွယ် ဦးအောင်မန်သည် ဆိုင်ကယ်မောင်းနှင်လာစဉ် နမ့်ဆန်မြို့တွင်းရှိ ကျောက်မဲလမ်းခွဲအနီးတွင် လမ်းဘေး၌ ရပ်ထားသည့် ကားကို ဝင်တိုက်မိခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ဦးအောင်မန်သည် ဘယ်ခြေထောက်၊ လက်နှင့် ခန္ဓာကိုယ်တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

 



အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ 

 



မိဘပြည်သူများအနေဖြင့် ယာဉ်မောင်းနှင်ရာတွင် ယာဉ်၏ ဘရိတ်နှင့် အခြားအရေးကြီးအစိတ်အပိုင်းများကို ပုံမှန်စစ်ဆေးရန်၊ တောင်ကုန်းအတက်အဆင်းများတွင် အထူးသတိပြုမောင်းနှင်ရန်နှင့် သတ်မှတ်ထားသော အမြန်နှုန်းကို လိုက်နာရန် လိုအပ်သည်။ ထို့အပြင် ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့်လည်း လမ်းအခြေအနေကို သတိပြုကာ အရှိန်လျှော့မောင်းနှင်ပြီး လမ်းဘေးရပ်ထားသည့် ယာဉ်များနှင့် လုံခြုံသောအကွာအဝေးရှိစေရန် ဂရုပြုသင့်သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews

 

#PSLF/TNLA       

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု (၃) ကြိမ်ဖြစ်ပွား၊ (၁) ဦးသေဆုံး၊ (၆) ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်