မိုင်းငေါ့မြို့တွင် PSLF/TNLA မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး
မိုင်းငေါ့၊ နိုဝင်ဘာ ၁၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မိုင်းငါ့မြို့တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှဦးဆောင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ (၉)ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ဖုန်းနံပါတ်များကို စုစည်းရယူခြင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲသူများကို စနစ်တကျ စောင့်ကြည့်သွားရန် စသည့်အချက်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကျေးရွာအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့သို့ သတင်းပို့ ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။ တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ကလည်း မိမိတို့ဒေသလိုအပ်ချက်များဖြစ်သည့် ရွာတွင်းလမ်း ပြုပြင်ရေး၊ ကျောင်းဆရာ/မများ လိုအပ်ချက်၊ မူးယစ်ဆေးဝါးပြဿနာ၊ အုပ်ချုပ်ရေးမှူး အသစ်ခန့်အပ်ရေး၊ ဘုန်းကြီးကျောင်း အဆောက်အအုံ တည်ဆောက်ရေးနှင့် အခွန်အခဆိုင်ရာ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးရေး စသည်တို့ကို အသီးသီး တင်ပြခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်ရဲမှူး ဗိုလ်ဆငည်းကဒါး၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ဘလူးစကိုင်း၊ နယ်ထိန်းခေါင်းဆောင် ဗိုလ်ပို;ဘို၊ အမှုစစ်အရာရှိ ဒုဗိုလ် အွံရ်ခြိူဝ်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် စုစုပေါင်း (၁၈) ဦးကျော် တက်ရောက်ခဲ့ကြသည်။
ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာ (၆) ရက်နေ့ကလည်း နမ့်ဆန်မြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီအဖွဲ့မှ တွေးဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူလူထုတို့အနေဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။ ထို့ကြောင့် ဒေသအတွင်း မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများနှင့် အခြားလူမှုရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများကို တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အသိပေးတင်ပြကြရန်၊ မိမိတို့ရပ်ရွာ၏ လိုအပ်ချက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူလူထုအား တိုက်တွန်းအပ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ