ကွတ်ခိုင်တွင် ရပ်နေသည့် ကားတစ်စီးကို နောက်ကား တစ်စီးက ဝင်တိုက်ရာမှ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ
ကွတ်ခိုင်၊ ဧပြီလ ၁၂ရက်
တအညင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ ကွတ်ခိုင်ခရိုင် ကွတ်ခိုင်မြို့ ရပ်ကွက် (၅) လမ်းမ တစ်နေရာတွင် ရပ်နေသည့် ကားတစ်စီးကို နောက်ကား တစ်စီးက ဝင်တိုင်ရာမှ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဥ်တွင် ယမန်နေ့ ဧပြီလ (၁၀)ရက် နံနက် (၁၁း၃၀)နာရီအချိန်တွင် အသက် (၅၀)နှစ်အရွယ် ဒေါ်ခင်ဌေးသည် ရပ်နေသည့် ဦးမောင်လှမြင့်၏ ကားကို ဝင်တိုက်သွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားနေချိန်တွင် လမ်းမပေါ် ဖြတ်သန်းသွားလာနေသည့် အသက် (၁၅)နှစ်အရွယ် ကလေးငယ် (၁)ဦး မမယ်နူးစင်၏ လက်နှင့် ခြေထောက်မှာ ကားအပိုင်းအစများ လွင့်စင်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းကို ဒေါ်ခင်ဌေးမှ ဆေးကုသစရိတ် အပြည့်အဝတာဝန်ယူသွားမည်ဖြစ်ပါသည်။
ထိုယာဥ်တိုက်မှုဖြစ်ပွားခဲ့သည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ကွတ်ခိုင်မြို့ရှိ တာဝန်ရှိသည့် ယာဉ်ထိန်းများနှင့် တအာင်းပြည် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။
ပြီးခဲ့သည့် ဧပြီလ (၉)ရက်တွင်လည်း ကွတ်ခိုင်မြို့ ရပ်ကွက် (၈)တွင် ကားနှင့် ဆိုင်ကယ်ယာဥ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေဌာန
မှတ်ချက်များ