1004

နောင်ချိုတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ

သတင်း
21 April 2025

နောင်ချိုတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ


နောင်ချို၊ ဧပြီလ ၂၁ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊‌ ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။


ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဧပြီလ (၁၇)ရက် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်တွင်နေထိုင်‌သော အသက် (၃ဝ)နှစ်အရွယ် ဦးကျော်စိုးခိုင်သည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ၎င်း၏နေအိမ်အတွင်း သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးများကို  ဖမ်းဆီးရမိခဲ့သည်။


၎င်း၏နေအိမ်အတွင်း ယာမဆေးပြားများ၊ ဘိန်းဖြူထည့်ထားသည့် M-150ပုလင်း (၁)ပုလင်းနှင့် ပုလင်းသေး (၁)ပုလင်းတို့ကို တွေ့ရှိခဲ့ပါသည်။ ထိုပစ္စည်းများ၏ စုစုပေါင်းကာလတန်းဖိုးသည် (၅)သိန်းရှိပြီး ၎င်းအမျိုးသားကိုလည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


ပြီးခဲ့သည့် ဧပြီလ (၂)ရက် နေ့လယ် (၂:၃ဝ)နာရီအချိန်တွင် ကျောက်မဲမြို့၊ ရပ်ကွက် (၈)တွင်နေထိုင်သော ဦးစိုင်းပေါင်းသည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ၎င်း၏နေအိမ်အတွင်း သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောစိတ်ကြွဆေးပြား အများအပြား ဖမ်းဆီးရမိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်