1010

လုံတောက်ကျေးရွာတွင် ကလေးငယ် (၂)ဦးသည် လက်ပစ်ဗုံးကို ကောက်ယူဆော့မိရာမှပေါက်ကွဲကာ ပြင်းထန်ဒဏ်ရာရ

သတင်း
23 April 2025

လုံတောက်ကျေးရွာတွင် ကလေးငယ် (၂)ဦးသည် လက်ပစ်ဗုံးကို ကောက်ယူဆော့မိရာမှပေါက်ကွဲကာ ပြင်းထန်ဒဏ်ရာရ


နမ့်ဆန်၊ ဧပြီလ ၂၃ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာတွင် ကလေးငယ် (၂)ဦးသည် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့မိရာမှပေါက်ကွဲကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။


ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဧပြီလ (၂ဝ)ရက် နေ့လယ် (၂:၀၀)နာရီအချိန်တွင် ဖခင်ဖြစ်သူနှင့်အတူ လက်ဖက်ခြံရှိ ရေချောင်းတစ်ခုတွင် ရေသွားချိုးပြီးနောက် အိမ်ပြန်ချိန်လမ်းဘေးတွင်ရှိနေသည့် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာတွင် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ပါသည်။


ထိုဗုံးပေါက်ကွဲမှုကြောင့် အသက် (၈)နှစ်အရွယ် မောင်ကြယ်စင်အောင်ဆိုသူမှ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် (၅)နှစ်အရွယ် မသီရိရတနာထွန်းဆိုသူလည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။


အဆိုပါ ကလေးငယ် (၂)ဦးကို ဒေသခံများမှ ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။ ပြီးခဲ့သည့် ဧပြီလ (၁၈)ရက်လည်း မိုင်းယော်မြို့နယ်၊ မန်ကန်ကျေးရွာတွင် အမျိုးသား (၂)ဦးသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးကို ယူဆော့ရာတွင် ပေါက်ကွဲကာ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လုံတောက်ကျေးရွာတွင် ကလေးငယ် (၂)ဦးသည် လက်ပစ်ဗုံးကို ကောက်ယူဆော့မိရာမှပေါက်ကွဲကာ ပြင်းထန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်