1181

မိုင်းလုံတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့

သတင်း
16 June 2025

မိုင်းလုံတွင် တအာင်းစာအဖွဲ့-TLAမှ  အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့


ကျောက်မဲ၊ ဇွန်လ ၁၆ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုင်းလုံမြို့နယ်၊ တောင်နီကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။

 

အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဇွန်လ (၁၃)ရက်နေ့ နံနက် (၉းဝဝ)နာရီအချိန်တွင် တအာင်းစာအဖွဲ့-TLAမှ ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါသည်။

 



၎င်းသင်တန်းကို သံဃတော် (၉)ပါးအပါအဝင် သင်တန်းသား (၄)ဦးနှင့် သင်တန်းသူ (၂၉)ဦး စုစုပေါင်း (၄၂)ဦးတို့ တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကို တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထိုသင်တန်းဆင်းပွဲကို သင်တန်းသား/သူများ၊ ဆရာ/မများနှင့် မိဘပြည်သူလူထုများအပါအဝင် စုစုပေါင်းလူဦးရေ (၁၄၀)ဦး တက်ရောက်ခဲ့ပါသည်။

 

အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံး တအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကို ပြောတတ်၊ ရေးတတ်၊ ဆိုတတ်၊ သုံးတတ်နိုင်ရန်တို့ဖြစ်ပါသည်။

 

ပြီးခဲ့သည့် ဇွန်လ (၁၀)ရက်‌နေ့လည်း တအာင်းစာအဖွဲ့-TLAမှ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာတွင် ကျောင်းသား/သူ စုစုပေါင်း (၅၈)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းလုံတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်