1238

ကွတ်ခိုင်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

သတင်း / နိုင်ငံရေး
03 July 2025

ကွတ်ခိုင်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

 

ကွတ်ခိုင်၊ ဇူလိုင်လ ၃ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြားရှိ ရှုခင်းသာတွင် ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်တွင် ယမန်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် နမ့်ဖက်ကာကို တက်သွားသည့်ကားသည် ရှုခင်းသာအကွေ့ရောက်နေစဥ် အရှိန်မထိန်းနိုင်သောကြောင့် ဆိုင်ကယ်တစ်စီးအား ဝင်တိုက်မိခဲ့သည်။

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်းလာသူ အသက် (၂၃)နှစ်အရွယ် ကိုဝေရန်၏ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညာဘက်ခြေထောက်လည်း ကျိုးသွားခဲ့ပါသည်။ 

 

ထိုနေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းကားသည် ကိုးကန့်တပ်မတော် MNDAAတပ်ဖွဲ့၏ ကားဖြစ်ပြီး ဒဏ်ရာရရှိသွားသည့်အမျိုးသားကိုလည်း ၎င်းတို့ဘက်မှ အပြည့်အဝတာဝန်ယူသွားမည်ဖြစ်ပါသည်။

 

ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်နေ့လည်း ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာအနီးတွင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူလူထုတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်