နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား
နောင်ချို၊ ဇူလိုင်လ ၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃) နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနှင့် လုံရဲကျေးရွာကြား၊ အုမ္မသီးနှင့် ဆမ္မဆယ်ကျေးရွာကြားတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၆)လုံး၊ လက် နက်ကြီး (၁၁၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၀)လုံး လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်နေ့ နောင်လင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၂)လုံး၊ လက်နက်ကြီး (၈၅)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၁၃)လုံး ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
အလားတူ ကျောက်တောနှင့် နောင်ရဲကျေးရွာကြားတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၇)လုံး၊ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး(၁၅)လုံး၊ နောင်ရဲနှင့် လုံစံကျေးရွာကြားတွင် လက်နက်ကြီး (၁၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။ ထိုနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ငုက္ခလေးကျေးရွာဘက်လည်း စစ်ကောင်စီတပ် သည် လေကြောင်းဖြင့် ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁)ရက်နေ့လည်း အုမ္မခါး၊ မျက်ချီးနု၊ လုံစံနှင့် ကျောက်တောကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းမတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြု လုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နောင်လင်၊ ကျောက်ကြမ်း၊ ကသဲမျှောင်၊ နားမုံနှင့် ရွှေပြည်ညွှန့်ကျေး ရွာဘက်တွင် လက်နက်ကြီး (၄၃)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၃)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ