1314

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

သတင်း / နိုင်ငံရေး
09 August 2025

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

သီပေါ၊ သြဂုတ်လ ၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ယနေ့ ညနေ (၄း၂၂)နာရီအချိန်တွင်  သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်မှ  ပေါင် (၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျ‌ရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၇)အိမ် ထိမှန်ပျက်စီးသွားခဲ့ပါသည်။





စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လ (၅)ရက်နေ့မှ ဩဂုတ်လ (၈)ရက်နေ့အထိ သီပေါမြို့နယ်ကို လေကြောင်းဖြင့် (၆)ကြိမ် ဗုံးများလာကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား (၂)ဦးသေဆုံးခဲ့ပြီး အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၄)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၈)အိမ်နှင့် စာသင်ကျောင်း (၁)ကျောင်းတို့ ထိမှန်ပျက်စီးသွားခဲ့သည်။






ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်