1315

မိုးကုတ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနှင့် ပြည်သူလူထု (၄)ဦးသေဆုံး၊ (၂)ဦး ထိခိုက်ဒဏ်ရာရ

သတင်း
10 August 2025

မိုးကုတ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနှင့် ပြည်သူလူထု (၄)ဦးသေဆုံး၊ (၂)ဦး ထိခိုက်ဒဏ်ရာရ


မိုးကုတ်၊ ဩဂုတ်လ ၁၀ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနှင့် ပြည်သူလူထု (၄)ဦးသေဆုံးခဲ့ပြီး (၂)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။


ယမန်နေ့ ညနေ (၆း၅၁)နာရီအချိန်၌ မိုးကုတ်မြို့အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချခဲ့ပါသည်။



ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သာမဏေ (၁)ပါး၊ ကလေး (၂)ဦး၊ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား(၁) ဦးသေဆုံးခဲ့ပြီး သံဃာတော် (၁)ပါးနှင့် အမျိုးသား (၁)ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။


အလားတူ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်အတွင်း ပေါင် (၂၅၀)ဗုံး (၃)လုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၇)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။




စစ်ကောင်စီတပ်သည် မိုးကုတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လမှ ဩဂုတ်လ (၈)ရက်နေ့အထိ လေကြောင်းဖြင့် အကြိမ်ရေ (၆)ကြိမ် ဗုံးများကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၃)ဦး၊ သံဃာတော် (၁)ပါး၊ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၁၆)ဦး သေးဆုံးခဲ့ရပြီး ကလေး (၄)ဦး၊ အမျိုးသမီး (၁၄)ဦးနှင့် အမျိုးသား (၃၉)ဦးထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၄၈)အိမ်၊ ကား (၃)စီးနှင့် ဆိုင်ကယ် (၃)စီးတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနှင့် ပြည်သူလူထု (၄)ဦးသေဆုံး၊ (၂)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်