1318

ပင်ပေါကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂)အိမ် ထိမှန်ပျက်စီး

သတင်း
13 August 2025

ပင်ပေါကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂)အိမ် ထိမှန်ပျက်စီး


ကျောက်မဲ၊ ဩဂုတ်လ ၁၃ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် စစ်ကောင်စီတပ်မှ  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂)အိမ် ထိမှန်ပျက်စီးသွားခဲ့သည်။


ဖြစ်စဥ်တွင် ယနေ့ နံနက်အစောပိုင်း (၁၂း၄၂)နာရီအချိန်၌ စစ်ကောင်စီတပ်သည် ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။  




ထိုအပြင် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သြဂုတ်လ (၁၂)ရက်နေ့လည်း နောင်ချိုမြို့နယ်၊ မြောက်ကုန်းစံ‌ကျေးရွာနှင့် ရှုခင်းသာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး (၃၁)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၁)လုံးတို့ကို ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ပြီးခဲ့သည့် သြဂုတ်လ (၄)ရက်နေ့လည်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ  ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်ချောကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆေးခန်း (၁)ခန်း၊ နေအိမ် (၃)အိမ်နှင့် ကား (၁)စီးတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။





ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ပင်ပေါကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂)အိမ် ထိမှန်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်