မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးထိခိုက်ဒဏ်ရာရ
မိုးကုတ်၊ သြဂုတ်လ ၁၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာ ရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း(၄)ကျောင်းနှင့် သီလရှင် ကျောင်း(၂)ကျောင်းထိမှန်ပျက်စီးသွားခဲ့ပါသည်။
ဖြစ်စဥ်တွင် ယနေ့ နေလယ် (၃း၁၀)နာရီအချိန်တွင် မိုးကုတ်မြို့အနောက်ပိုင်း၊ ကြက်ပြင်နာရီစင်အနီးတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား(၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း(၄)ကျောင်းနှင့် သီလရှင်ကျောင်းဆောင် (၂)ဆောင် ထိမှန်ပျက်စီးသွားခဲ့ပါသည်။
အလားတူ ယမန်နေ့တွင်လည်း မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ ပေါင် (၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ကလေး(၁)ဦးအပါအဝင်၊ အမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး နေအိမ် (၃)အိမ် ထိမှန်ပျက်စီးသွားခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယခုလအတွင်း လေကြောင်းဖြင့် မိုးကုတ်မြိုတွင် (၄)ကြိမ်၊ ကျောက်မဲမြိုနယ်တွင် (၂)ကြိမ်၊ သီပေါမြိုတွင် (၃)ကြိမ်ဖြင့် ဗုံးများကြဲချမှုကြောင့် ကလေး (၃)ဦး၊ သံဃာတော် (၂)ပါး၊ အမျိုးသမီး (၁၇)ဦးနှင့် အမျိုးသား (၁၆)ဦး သေးဆုံးခဲ့ရပြီး သံဃာတော် (၁)ပါး၊ အမျိုးသမီး (၁၁)ဦးနှင့် အမျိုးသား (၂၁)ဦးထိခိုက်ဒဏ်ရာရှိ ကာ နေအိမ် (၅၆)အိမ်၊ အဆောက်အဦး (၁)လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ကား (၄)စီး၊ ဆိုင်ကယ် (၃)စီးတို့လည်း ထိမှန်ပျက်စီးခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင် ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ