1495

မိုးမိတ်မြို့နယ် ဝဲဘောင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးအပါအ၀င် ပြည်သူလူထု(၇)ဦး ထိမှန်​သေဆုံး၊ (၈)ဦး ဒဏ်ရာရ

သတင်း / နိုင်ငံရေး
09 October 2025

မိုးမိတ်မြို့နယ် ဝဲဘောင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးအပါအ၀င် ပြည်သူလူထု(၇)ဦး ထိမှန်​သေဆုံး၊ (၈)ဦး ဒဏ်ရာရ


မိုးမိတ်၊ အောက်တိုဘာ ၉ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၈)နယ်မြေ၊ မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး (၃)လုံးဖြင့် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးအပါအ၀င် ပြည်သူလူထု(၇)ဦး သေဆုံးခဲ့ပြီး၊ (၈)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။


 ယနေ့ ညနေ (၇)နာရီ၀န်ကျင်အချိန်တွင် မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကျေးရွာထဲသို့ စစ်ကောင်စီတပ်မှ ပေါင် (၂၅၀) ဗုံး (၃)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။  ထိုဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား(၄)ဦး  အမျိုးသမီ (၃)ဦး ထိမှန်သေဆုံးခဲ့ပြီး၊ပြည်သူလူထု (၈)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် ပြည်သူလူထု နေအိမ်(၁၀)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။


အလားတူ ပြီးခဲ့သည့် အောက်တိုဘာ(၇)ရက်နေ့တွင်လည်း မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ဦးအပါအ၀င် ပြည်သူလူထု(၁၀)ဦးသေဆုံးခဲ့ပြီး (၃)ဦး ထိမှန်ဒဏ်ရာရခဲ့သည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင် စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးမိတ်မြို့နယ် ဝဲဘောင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးအပါအ၀င် ပြည်သူလူထု(၇)ဦး ထိမှန်​သေဆုံး၊ (၈)ဦး ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်