1521

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရ

သတင်း / နိုင်ငံရေး
17 October 2025

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရ

မိုးမိတ်၊ အောက်တိုဘာ ၁၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၈)နယ်မြေ၊ မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။






မနေ့ ည (၆း၂၀)နာရီအချိန်၌ မိုးမိတ်မြို့၊ တောင်ပိုင်းရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံးနှင့် ပေါင် (၂၅၀) ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၅၀)နှစ်အရွယ် ဒေါ်အုံရွှေမှ ထိမှန်ဒဏ်ရာရရှိပြီးနေအိမ် (၂)အိမ်နှင့် ကား (၁)စီး ထိမှန်ပျက်စီးသွားခဲ့သည်။






အလားတူ ပြီးခဲ့သည့် အောက်တိုဘာ (၁၀)ရက်နေ့လည်း မိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီးတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံးနှင့် (ရော့ကဒ်) လက်နက်ကြီး (၆)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်သွားခဲ့သည်။





ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင် စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်