1733

တအာင်းစာအဖွဲ-TLAမှ ပန်လင်ကျေးရွာတွင် အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

သတင်း / နိုင်ငံရေး
04 February 2026

တအာင်းစာအဖွဲ-TLAမှ  ပန်လင်ကျေးရွာတွင် အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ


ကျောက်မဲ၊ ဖေဖော်ဝါရီ ၃ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြိုနယ်၊ ပန်လင်ကျေးရွာတွင် တအာင်းစာအဖွဲ-TLAမှ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။




အဆိုပါ သင်တန်းဆင်းပွဲကို ပန်လင်ကျေးရွာ၌ ယမန်နေ့ ဖေဖော်ဝါရီ (၂)ရက်နေ့တွင် တအာင်းစာအဖွဲ-TLAမှ ဦးစီးပြီးကျင်းပပြုလုပ်ခဲ့သည်။ ထိုသင်တန်းတွင် သံဃာတော် (၁)ပါး၊ သင်တန်းသား (၁၃)ဦးနှင့် သင်တန်းသူ (၃၄)ဦး စုစုပေါင်း (၄၈)ဦးတက်ရောက်သင်ကြားခဲ့သည်။






ထိုနောက် ၎င်းတိုကို တအာင်းစာအဖွဲ-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ပေးအပ်ခဲ့ပါသည်။


၎င်းသင်တန်းဆင်းပွဲကို မြိုနယ်ရှိဌာနဆိုင်ရာတာ၀န်ရှိသူများ၊ TLA တာဝန်ရှိသူများ၊ သင်တန်းသူ/သားများ၊ ဆရာ/မများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်းလူဦးရေ (၂၀၀)ဦး တက်ရောက်ခဲ့ပါသည်။


ပြီးခဲ့သည့် ဒီဇင်ဘာ (၇)ရက်နေ့တွင်လည်း ကျောက်မဲမြိုနယ် နောင်ဆင်ကျေးရွာတွင် တအာင်းစာအဖွဲ-TLAမှ သင်တန်းသူ/သားစုစုပေါင်း (၇၉)ဦးတိုကို အခြေခံတအာင်းရုံးသုံးစာ သင်ကြားပေးခဲ့ပါသည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းစာအဖွဲ-TLAမှ ပန်လင်ကျေးရွာတွင် အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်