နမ့်ဖက်ကာမြို့တွင် သာမဏေတစ်ပါးသည် ဗုံးတစ်လုံးကို ယူဆော့ရာမှပေါက်ကွဲမှုကြောင့် ခြေတစ်ဖက်ဆုံးရှုံး
နမ့်ဖက်ကာ၊ ဖေဖော်ဝါရီလ ၂၈ရက်
သတင်းပြည်သတင်း
တအာင်းပြည်၊ ကွက်ခိုင်ခရိုင်၊ နမ့်ဖက်ကာမြို့တွင် သာမဏေတစ်ပါးသည် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူ၍ ဆော့ကစားရာမှ ပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရသည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၆)ရက်နေ့ မွန်းတည့်ချိန် (၁၂း၀၀)နာရီအချိန်၌ သာမဏေတစ်ပါးသည် ပန်ဂျာရော့ကျေးရွာဘုန်းကြီးကျောင်းအနီးတွင် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူရရှိခဲ့သည်။

ထို့နောက် နမ့်ဖက်ကာမြို့၊ ရပ်ကွက် (၂)ရှိ နတ်စင်အနီးတွင် သွားရောက်ဆော့ကစားနေစဉ် ၎င်းလက်ပစ်ဗုံးသည် ခြေထောက်ပေါ်သို့ ပြုတ်ကျကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် သာမဏေ၏ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရပြီး ခန္ဓာကိုယ်ပေါ်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ၎င်းကို ဆေးကုသရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ပေးခဲ့ပါသည်။
ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄)ရက်နေ့လည်း နမ့်ဖက်ကာမြိ့၊ ရပ်ကွက် (၃)တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ယူဆော့ကစားရာမှ ပေါက်ကွဲမှုကြောင့် ကငယ် (၁)ဦးသေဆုံးခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ