2046

ပန်ခါးလေး၊ လွယ်ကန်ကြားရှိ လမ်းမကြီးတစ်လျှောက်နှင့် ဖာလင်ကျေးရွာအတွင်း မြို့နယ်တာဝန်ရှိသူများမှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ကွန်ကရစ်လမ်းခင်းပေးခြင်း၊ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့

သတင်း / နိုင်ငံရေး
10 August 2026

ပန်ခါးလေး၊ လွယ်ကန်ကြားရှိ လမ်းမကြီးတစ်လျှောက်နှင့် ဖာလင်ကျေးရွာအတွင်း  မြို့နယ်တာဝန်ရှိသူများမှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ကွန်ကရစ်လမ်းခင်းပေးခြင်း၊ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့


နမ့်ဆန်၊ သြဂုတ် ၁၀ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ ပန်ခါးလေး၊ လွယ်ကန်ကြားရှိ လမ်းမကြီးတစ်လျှောက်နှင့်  ဖာလင်ကျေးရွာအတွင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ကွန်ကရစ်လမ်းခင်းပေးခြင်း၊ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့သည်။


မန်တုံမြို့နယ်၊ ပန်ခါးလေးနှင့် လွယ်ကန်ကျေးရွာကြား လမ်းမကြီးတစ်လျှောက်ရှိ ခြုံပင်၊ မြက်ပင်များ ထူထပ်နေပြီး ပြည်သူလူထုများ ခရီးသွားရာတွင် အန္တရာယ်များကြုံတွေ့နိုင်သောကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ပြီးခဲ့သည့် သြဂုတ်လ (၉) ရက်နေ့၌ ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး စုစုပေါင်း လူဦးရေ (၁၃၀) ဦးကျော် ဝိုင်းဝန်းရှင်းလင်းခဲ့ပါသည်။




အလားတူ နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာလည်း ပြည်သူများ၏ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ကျေးရွာအတွင်း ပျက်စီးနေသော လမ်းများကို ဇူလိုင်လ (၂၃) ရက်နေ့မှစတင်၍ ပြည်သူလူထုများက ကွန်ကရစ်လမ်းအဖြင့် ကိုယ်ထူကိုယ်ထ ပြုပြင်ခင်းကျင်းခဲ့ပါသည်။


ပြီးခဲ့သည့် သြဂုတ် (၃) ရက်နေ့လည်း မန်တုံနှင့် ဟိုမိန်းကျေးရွာကြား လမ်းကြီးမတစ်လျှောက်ရှိ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ပြည်သူလူထုများနှင့်အတူ ဝိုင်းဝန်းခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။




ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည် တအာင်းပြည်အတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်သူများ၏ လူနေမှုဘဝနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများ ပိုမိုကောင်းမွန်လာစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ 


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ပန်ခါးလေး၊ လွယ်ကန်ကြားရှိ လမ်းမကြီးတစ်လျှောက်နှင့် ဖာလင်ကျေးရွာအတွင်း မြို့နယ်တာဝန်ရှိသူများမှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ကွန်ကရစ်လမ်းခင်းပေးခြင်း၊ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်