မိုင်းဘော်နှင့် မန်အီကြား လမ်းမပေါ်တွင် မြေပြိုကျမှုဖြစ်ပွားသဖြင့် မြို့နယ်တာဝန်ရှိသူများနှင့် ပြည်သူလူထုများ စုပေါင်း၍ ရှင်းလင်းခဲ့
နမ္မတူ၊ စက်တင်ဘာ ၁၀ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မိုင်းဘော်နှင့် မန်အီကျေးရွာကြား ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးပေါ်တွင် မြေပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လမ်းပိတ်ဆို့နေသောကြောင့် PSLF/TNLA မြို့နယ်အုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုများ စုပေါင်း၍ ရှင်းလင်းရေးလုပ်ငန်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၆) ရက်နေ့၌ မိုးများရွာသွန်းမှုကြောင့် လမ်းမကြီးပေါ်သို့ မြေကြီးနှင့် သစ်ပင်သစ်ကိုင်းများ မြေပြိုကျကာ လမ်းပိတ်ဆို့သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လမ်းမကြီးသည် မန်အီမှ မိုင်းဘော်၊ မိုင်းဘော်မှ နမ္မတူသို့ ဆက်သွယ်ထားသည့် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်ပြီး မြေပြိုကျမှုကြောင့် ယာဉ်အသွားအလာများ ခေတ္တရပ်ဆိုင်းသွားခဲ့သည်။
ထိုသို့ လမ်းပိတ်ဆို့မှုဖြစ်ပွားပြီးနောက် ပြည်သူလူထုများ ခရီးသွားလာရန် အဆင်မပြေမှုများ ကြုံတွေ့ရင်ဆိုင်နေရသောကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်အုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု စုစုပေါင်း အင်အား (၄၀) ဦးဖြင့် ရှင်းလင်းလုပ်ဆောင်ခဲ့ပါသည်။

မြို့နယ်တာဝန်ရှိသူများနှင့် ပြည်သူလူထုများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အချိန်နှင့်တစ်ပြေးညီ လမ်းပေါ်ရှိ မြေကြီးများကို ဖယ်ရှားပြုပြင်ဆောင်ရွက်နိုင်ခဲ့သောကြောင့် ခရီးသွားပြည်သူများနှင့် ကုန်စည်စီးဆင်းမှုအတွက် ပြန်လည် လည်ပတ်သွားလာနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ