မိုင်းငေါ့မြို့တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ PSLF/TNLA မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်
ယခုဖတ်ရန်လူကြည့်အများဆုံး သတင်းများ
မိုင်းငေါ့မြို့တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ PSLF/TNLA မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်
နမ့်ခမ်းနှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသော (၄၀) ကီလိုမီတာရှည်လျားသည့် လမ်းပိုင်းအား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်မှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ကုန်တင်ယာဉ်များ ယာယီဖြတ်သန်းခွင့် ပိတ်ထားမည်ဖြစ်သည်။ သို့သော် လုပ်ငန်းဆောင်ရွက်နေစဉ် ကားငယ်များ၊ ဆိုင်ကယ်များနှင့် အရေးပေါ်လူနာတင်ယာဉ်များမှာမူ ပုံမှန်အတိုင်း ဆက်လက်ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။
မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက တအာင်းပြည်အတွင်း သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောကြိုးဝိုင်းများ သတ်မှတ်ထိန်းသိမ်းခြင်း၊ တရားမဝင် သစ်ခုတ်ယူမှုနှင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုများ တားဆီးဖမ်းဆီးခြင်းတို့အပြင် မြို့နယ်အသီးသီးရှိ သစ်တောပျိုးဥယျာဉ်များ၌ ပျိုးပင်သောင်းဂဏန်းကျော် စိုက်ပျိုးပျိုးထောင်ကာ သစ်တောထိန်းသိမ်းရေးနှင့် သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန အောက်တိုဘာလထုတ်စာစောင်
တအာင်းပြည်၊ နမ့်ခမ်းမြို့၌ လူငယ်များ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် (၂၀) လကြာ တရုတ်ဘာသာစကား ဒီပလိုမာ (အပတ်စဉ်-၂) သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ (၆) ရက်နေ့က သင်တန်းသား/သူ (၂၃) ဦးဖြင့် ကျင်းပခဲ့ပါသည်။
နမ့်ဆန်မြို့နယ် ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ဒေသအကျိုးပြုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီနှင့် တာဝန်ရှိသူများ နိုဝင်ဘာ (၆) ရက်နေ့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
နမ့်ဆန်မြို့နယ်တွင် အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် အသက် (၅၃) နှစ်အရွယ် အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
တအာင်းပြည် နမ့်ခမ်းနှင့် မိုင်းလုံမြို့နယ်တို့တွင် တအာင်းပြည်ရဲတပ်ဖွဲ့နှင့် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀၁) တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများဆောင်ရွက်စဉ် နိုဝင်ဘာလ ၂ ရက်နှင့် အောက်တိုဘာလ ၂၅ ရက်တို့၌ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂ ဦးနှင့် သုံးစွဲသူ ၂ ဦးတို့ကို စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဘိန်းဖြူနှင့် ငွေကြေးများအပြင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားခံများကို PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
Website Content Description People’s Spring နှင့် Daw Na News သတင်းဌာနတို့မှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့တွင် ဖော်ပြခဲ့သော PSLF/TNLA နှင့် စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သတင်းများသည် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော် ပြောကြားချက်ဟုဆိုကာ ချဲ့ကားရေးသားထားခြင်းဖြစ်ပြီး၊ ၎င်းဖော်ပြချက်များသည် အဆိုပါသတင်းဌာနများ၏ အာဘော်သာဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ထားသည့် ကြေညာချက် ဖြစ်ပါသည်။
တအာင်းပြည် ဥပဒေရုံးတွင် ဥပဒေရေးရာနှင့် ရုံးလုပ်ငန်းများကို စနစ်တကျ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသူ ရုံးစာရေးဝန်ထမ်း (၁၅) ဦးကို စတင်ခေါ်ယူနေပြီဖြစ်ရာ အသက် (၁၈) နှစ်နှင့်အထက် (၉) တန်း သို့မဟုတ် (၁၀) တန်းအောင် သို့မဟုတ် ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို နိုဝင်ဘာလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်ပါသည်။