မိုင်းလုံနှင့် နမ့်ခမ်းမြို့နယ်တွင် တအာင်းပြည်ရဲတပ်ဖွဲ့နှင့် တပ်မဟာ (၁) တို့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးနှင့် သုံးစွဲသူ (၂) ဦး ဖမ်းဆီးရမိ

တအာင်းပြည် နမ့်ခမ်းနှင့် မိုင်းလုံမြို့နယ်တို့တွင် တအာင်းပြည်ရဲတပ်ဖွဲ့နှင့် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀၁) တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများဆောင်ရွက်စဉ် နိုဝင်ဘာလ ၂ ရက်နှင့် အောက်တိုဘာလ ၂၅ ရက်တို့၌ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂ ဦးနှင့် သုံးစွဲသူ ၂ ဦးတို့ကို စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဘိန်းဖြူနှင့် ငွေကြေးများအပြင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားခံများကို PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည် ဥပဒေရုံးတွင် ဥပဒေရေးရာနှင့် ရုံးလုပ်ငန်းများကို စနစ်တကျ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသူ ရုံးစာရေးဝန်ထမ်း (၁၅) ဦးကို စတင်ခေါ်ယူနေပြီဖြစ်ရာ အသက် (၁၈) နှစ်နှင့်အထက် (၉) တန်း သို့မဟုတ် (၁၀) တန်းအောင် သို့မဟုတ် ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို နိုဝင်ဘာလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ မန်တုံမြို့နယ်အတွင်း ပြည်သူများ ညအချိန် သွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် လုံခြုံရေး ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတို့ ပူးပေါင်းကာ မြို့တွင်းလမ်းမများနှင့် ရပ်ကွက်များတွင် (100W) အားရှိသော ဆိုလာလမ်းမီးများကို အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်၍ အကောင်အထည်ဖော် တပ်ဆင်ပေးလျက်ရှိသည်။

ဒေသတွင်းသတင်း

တအာင်းပြည်အတွင်းရှိ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်များတွင် အောက်တိုဘာလအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများ ဖော်ဆောင်ခဲ့ရာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၇) ဦး၊ လက်ဝယ်ထားရှိသူ (၃) ဦးနှင့် သုံးစွဲသူ (၄) ဦးတို့ကို ဘိန်းဖြူ၊ ယာမဆေးပြားနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားခံများကို PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လူကြည့်အများဆုံး သတင်းများ

06 November 2026