နမ့်ဆန်မြို့နယ်တွင် ကျေးရွာ (၄) အုပ်စုမှ စုပေါင်း၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းများပြန်လည်ပြုပြင်နေ

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) စုမှ ဒေသခံများသည် ရွာရန်ပုံငွေနှင့် ယာဉ်ကောက်ခံငွေများဖြင့် ပန်ရေကန်နှင့် နောက်လွယ်ကြား လမ်းမကြီးကို သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရန် ကိုယ်ထူကိုယ်ထ စုပေါင်းပြုပြင်နေကြပြီး လွန်ခဲ့သောနှစ်ကလည်း အုမ်းစွမ်နှင့် ကွမ်ဟယ်ကြား လမ်းမကြီးကို ယခုကဲ့သို့ စုပေါင်းပြုပြင်ခဲ့ကြသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်တွင် အရည်အချင်းပြည့်ဝသော Software Engineer များ မွေးထုတ်ပေးရန်နှင့် ဒေသတွင်း နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Tea Land Information Technology School (TLIT) အတွက် သင်တန်းသားများ စတင်ခေါ်ယူနေကြောင်း ICT Center-Ta’ang Land မှ စက်တင်ဘာလ (၄) ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့နယ်တွင် သြဂုတ်လတစ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီးတစ်ဦးအပါအဝင် (၁၁) ဦး ဖမ်းဆီးရမိခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ မိုင်းဝီး၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နယ်တွင် သြဂုတ်လတစ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄) ဦး၊ သုံးစွဲသူ (၄) ဦးနှင့် လက်ဝယ်ထားရှိသူ (၃) ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်အတွင်း ဥပဒေအကာကွယ်များအားရယူပြီး ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းပေါ်ပေါက် လာစေရန်နှင့် ဥပဒေဆိုင်ရာပြဿနာများအား ကူညီလမ်းညွှန်တတ်စေရန်ရည်ရွယ်၍ အခြေခံဥပဒေ ဆိုင်ရာအသိပညာပေးသင်တန်းအတွက် တက်ရောက်ရန် စိတ်ဝင်စားသော ဒေသခံလူငယ်များကို တအာင်းဥပဒေအထောက်အကူပြုအဖွဲ့-TLAF မှ စတင်ခေါ်ယူနေကြောင်း စက်တင်ဘာလ (၃) ရက်နေ့၌ ထုတ်ပြန်ခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်အတွင်း ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် အနာဂတ် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) မှ ဖွင့်လှစ်မည့် လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း-TLSPS အပတ်စဉ် (၄) ကို တက်ရောက်ခွင့်ရရှိသည့် သင်တန်းသား/သူ စုစုပေါင်း (၃၆) ဦး၏ အမည်စာရင်းကို စက်တင်ဘာလ (၃) ရက်နေ့၌ TLSPS မှ ထုတ်ပြန်ကြေညာခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်အတွင်းရှိကျောင်းများတွင် Grade-12 အောင်မြင်ပြီးမြောက်ထားသူများနှင့် အဆင့်မြင့်ပညာရေးသို့ ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသည့် ကျောင်းသူ/သားများအား နိုင်ငံတကာအသိအမှတ်ပြုသည့် အဆင့်မြင့်ပညာရေးလက်လှမ်းမှီစေရန် ရည်ရွယ်၍ BEAM Education Foundation နှင့် TLEC မှ ပူးပေါင်းကာ (၁၅) လတာ GED သင်တန်းအပတ်စဥ် (၁) ကို စက်တင်ဘာလ (၂) ရက်နေ့မှစတင်၍ စတင်ခေါ်ယူနေကြောင်း TLEC မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ စက်တင်ဘာ၊ ၂၀၂၆ခုနှစ်

လူကြည့်အများဆုံး သတင်းများ

28 September 2026