နမ့်ဆန်မြို့နယ်တွင် ကျေးရွာ (၄) အုပ်စုမှ စုပေါင်း၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းများပြန်လည်ပြုပြင်နေ

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) စုမှ ဒေသခံများသည် ရွာရန်ပုံငွေနှင့် ယာဉ်ကောက်ခံငွေများဖြင့် ပန်ရေကန်နှင့် နောက်လွယ်ကြား လမ်းမကြီးကို သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရန် ကိုယ်ထူကိုယ်ထ စုပေါင်းပြုပြင်နေကြပြီး လွန်ခဲ့သောနှစ်ကလည်း အုမ်းစွမ်နှင့် ကွမ်ဟယ်ကြား လမ်းမကြီးကို ယခုကဲ့သို့ စုပေါင်းပြုပြင်ခဲ့ကြသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းလူမျိုးများ၏ မိခင်ဘာသာစကားထိန်းသိမ်းမြှင့်တင်ရန်နှင့် လွယ်ကူစွာ လေ့လာနိုင်ရန်အတွက် တအာင်း-မြန်မာ-အင်္ဂလိပ် ဒစ်ဂျစ်တယ်အဘိဓာန် (Taang Digital Dictionary) Application နှင့် Website ကို သြဂုတ်လ (၂၅) ရက်နေ့တွင် တအာင်းဒစ်ဂျစ်တယ် အဘိဓာန်စီမံကိန်းအဖွဲ့မှ တရားဝင်ထုတ်ပြန်လိုက်ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ခမ်းနှင့် မိုင်းငေါ့မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မူးယစ်‌ဆေးဝါး ရောင်းဝယ်သူ (၂) ဦးနှင့် သုံးစွဲသူ (၁) ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ မိုင်းငေါ့မြို့နယ်တွင် ကျောင်းလုံခြုံရေးနှင့် ကျန်းမာရေးမြှင့်တင်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန် တအာင်းပြည်ပညာရေးကောင်စီ TLECနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများမှ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ တောင်သုံးဆယ်ကျေးရွာတွင် ဝက်ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် နှစ်ပတ်အတွင်း ဝက် (၁၂) ကောင် သေဆုံးခဲ့ပြီး စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၁၀၀) ကျော်အထိ ဆုံးရှုံးသွားခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာတွင် ဆိုင်ကယ်ခိုးယူပြီး ရောင်းသွားသူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

လူကြည့်အများဆုံး သတင်းများ

28 September 2026