တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့တွင် မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ပျက်စီးသွားသည့် လမ်းများကို ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီးဖြစ်သည်။
ယခုဖတ်ရန်တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းလုံမြို့တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအခြေအနေများ ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အရံမီးသတ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၆) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်တွင် အုပ်ချုပ်ရေးလုပ်ငန်းများကို စနစ်တကျနှင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးဌာနမှ ဉီးဆောင်ဖွင့်လှစ်ခဲ့သည့် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
လူကြည့်အများဆုံး သတင်းများ