နမ့်ဆန်မြို့နယ်တွင် ကျေးရွာ (၄) အုပ်စုမှ စုပေါင်း၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းများပြန်လည်ပြုပြင်နေ
နမ့်ဆန်၊ စက်တင်ဘာ ၂၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်အုပ်စု၊ မန်နောက်အုပ်စု၊ ကွမ်ဟယ်အုပ်စု၊ ကွမ်ဟောက်အုပ်စုတို့မှ စုပေါင်း၍ ပန်ရေကန်နှင့် နောက်လွယ်ကျေးရွာကြားရှိ လမ်းမကြီးကို ဒေသခံပြည်သူများ၏ စုပေါင်းအင်အားဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေပါသည်။
အဆိုပါလမ်းကို ပြန်လည်ပြုပြင်ရန်အတွက် ကျေးရွာတာဝန်ရှိသူများမှ လစဉ်ကျေးရွာအတွင်း ကောက်ထားသည့်ရန်ပုံငွေနှင့် ၎င်းလမ်းကို ဖြတ်သန်းသွားသော ကုန်တင်ယာဉ်များထံ ကောက်ထားသည့်ရန်ပုံများကို စုပေါင်းပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းကိုပြန်လည်ပြုပြင်ခြင်းဖြစ်ပါသည်။
ထို့လမ်းပြုပြင်ပြုလုပ်ရခြင်းသည် ရေရှည်ခိုင်ခံ့စေရန်၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာစေရန်၊ သွားလာရေးနှင့်ကုန်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်၊ ကျေးရွာများအကြား အပြန်အလှန် ဆက်သွယ်ရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာများစွာ အထောက်အကူပြုစေရန်၊ မိုးရာသီကာလအတွင်း ပြည်သူလူထုများ သွားလာအဆင်ပြေစေရန်တို့ ဖြစ်ပါသည်။
ကျေးရွာအတွင်း နေထိုင်ကြသည့်ပြည်သူလူထုများသည် မြေများရှင်းလင်းခြင်း၊ တူးဆွခြင်း၊ မြေသားညှိခြင်း၊ သိပ်တည်းစေခြင်း၊ ကျောက်ခင်းခြင်းနှင့် ရေမြောင်းများ ပြုပြင်ခြင်းတို့ကို စုပေါင်းလုပ်ဆောင်နေကြပါသည်။
အလားတူ လွန်ခဲ့သောနှစ်လည်း အုမ်းစွမ်နှင့် ကွမ်ဟယ်ကျေးရွာကြားရှိ လမ်းမကြီးတွင် ပြည်သူလူထုများက စုပေါင်း၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
Website Official
Telegram Official Channel
Telegram Link – Ta’ang TV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ