တအာင်းပြည်၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) စုမှ ဒေသခံများသည် ရွာရန်ပုံငွေနှင့် ယာဉ်ကောက်ခံငွေများဖြင့် ပန်ရေကန်နှင့် နောက်လွယ်ကြား လမ်းမကြီးကို သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရန် ကိုယ်ထူကိုယ်ထ စုပေါင်းပြုပြင်နေကြပြီး လွန်ခဲ့သောနှစ်ကလည်း အုမ်းစွမ်နှင့် ကွမ်ဟယ်ကြား လမ်းမကြီးကို ယခုကဲ့သို့ စုပေါင်းပြုပြင်ခဲ့ကြသည်။
ယခုဖတ်ရန်တအာင်းပြည်အတွင်း ပြည်သူများ ဥပဒေကြောင်းအရ အကာအကွယ်များကို သိရှိနားလည်ရယူတတ်စေရန်၊ ငြိမ်းချမ်းပြီး တရားမျှတသော လူ့အဖွဲ့အစည်း ပေါ်ပေါက်လာစေရန်နှင့် ရပ်ရွာအတွင်း ကြုံတွေ့ရသည့် ဥပဒေဆိုင်ရာပြဿနာများကို ကူညီလမ်းညွှန်ပေးနိုင်သည့် Paralegal (ဥပဒေအထောက်အကူပြု) အဆင့်အထိ တက်လှမ်းနိုင်စေရန် ရည်ရွယ်၍ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့-TLAF မှ အခြေခံဥပဒေဆိုင်ရာ အသိပညာပေးသင်တန်း (Basic Legal Knowledge Certificate Course) ကို ဖွင့်လှစ်မည်ဖြစ်သည်။
တအာင်းပြည်အတွင်း ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် အနာဂတ်လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) မှ ဖွင့်လှစ်သည့် လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း (Tea Land School of Political Science - TLSPS) အပတ်စဉ် (၄) ကျောင်းဖွင့်ပွဲကို စက်တင်ဘာလ ၁၂ ရက် နမ့်ဆန်မြို့နယ်တွင် ကျင်းပခဲ့သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တရားစီရင်ရေးဌာနတွင် တရားစီရင်ရေးလုပ်ငန်းစဉ်များ ချောမွေ့မြန်ဆန်စေရန်၊ တရားစီရင်ရေးနှင့် ရုံးကိစ္စရပ်များ မှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်ရေးအတွက် တရားရုံးစာရေးလုပ်ငန်းများကို စိတ်ဝင်စားသော ဝန်ထမ်း (၂၀) ဦး စတင်ခေါ်ယူနေကြောင်း တရားစီရင်ရေးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ