နမ့်ခမ်းမြို့တွင် ရပ်ကွက် (၁၄) ခုမှ အသင်းများ ပါဝင်ယှဉ်ပြိုင်သည့် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများအပါအဝင် လူဦးရေ ၁,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲကို ရပ်ကွက်များအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လူငယ်များ၏ အားကစားစိတ်ဓာတ် မြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ယခုဖတ်ရန်လူကြည့်အများဆုံး သတင်းများ
နမ့်ခမ်းမြို့တွင် ရပ်ကွက် (၁၄) ခုမှ အသင်းများ ပါဝင်ယှဉ်ပြိုင်သည့် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများအပါအဝင် လူဦးရေ ၁,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲကို ရပ်ကွက်များအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လူငယ်များ၏ အားကစားစိတ်ဓာတ် မြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
တအာင်းပြည်ရှိ မိုင်းဝီး၊ နမ့်ခမ်း၊ မံစီနှင့် မိုင်းလုံမြို့နယ်တို့မှ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးရမိခဲ့သော အမျိုးသား (၂၃) ဦးအား မြို့နယ်ရဲတပ်ဖွဲ့၏ (၆) လကြာ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးအစီအစဉ် ပြီးမြောက်ခဲ့သဖြင့် အောက်တိုဘာလ (၁၀) ရက်နေ့တွင် မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
တအာင်းပြည်၊ နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်တို့၌ ကုန်တင်ကား ချောက်ထဲထိုးကျမှုနှင့် ဆိုင်ကယ်ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ ခါးရိုးကျိုးသည့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
တအာင်းပြည်၊ နမ့်ဆန်မြို့ အ.ထ.က (၁) တွင် Grade-9 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဥပဒေဆိုင်ရာ အသိပညာ၊ လူငယ်ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သက်ဆိုင်ရာဌာနများနှင့် TLEC တို့ ပူးပေါင်းကျင်းပခဲ့ရာ လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့သည်။
နမ့်ခမ်းမြို့တွင် တအာင်းပြည်သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်၏ အပတ်စဉ် (၂) သူနာပြုဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို အောက်တိုဘာ ၉ ရက်တွင် ကျင်းပခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၃၅ ဦးအား သူနာပြုပညာရပ်ဆိုင်ရာ သင်တန်းများကို ၂ နှစ်ကြာ သင်ကြားပို့ချကာ အရည်အချင်းပြည့်ဝပြီး ကျင့်ဝတ်ကောင်းမွန်သော သူနာပြုများ မွေးထုတ်ပေးရန် ရည်ရွယ်ထားသည်။
တအာင်းပြည်၊ နမ္မတူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာရေးအသိပညာ တိုးပွားစေရန်နှင့် ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) က အောက်တိုဘာ ၁၃ ရက်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး ကူးစက်ရောဂါကာကွယ်ရေး၊ အသည်းရောင်အသားဝါ B၊ C ပိုးနှင့် HIV ရောဂါများအကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။
တအာင်းပညာရေးအကယ်ဒမီ (TEA) မှ ဖွင့်လှစ်သည့် အပတ်စဉ် (၁) ဘွဲ့လွန်ဆရာအတတ်ပညာဒီပလိုမာ (အထက်တန်း) သင်တန်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်းအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်နေ့တွင် နမ့်ဆန်မြို့၌ ကျင်းပခဲ့ပြီး သင်တန်းဆင်း ဆရာ၊ ဆရာမ ၄၂ ဦးကို ဒီပလိုမာဘွဲ့များ အပ်နှင်းခဲ့သည်။
တအာင်းပြည်၊ နမ္မတူမြို့ရှိ မီးပွိုင့်လမ်းဆုံတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် သွားလာရေး ပိုမိုချောမွေ့စေရေးအတွက် လမ်းအကျယ်နှင့် အရှည်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။
တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် WY ယာမဆေးပြား စုစုပေါင်း ၅၂၄ ပြားနှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
နမ့်ဆန်မြို့နယ် ကျောက်ဖြူကြီးကျေးရွာအုပ်စုရှိ ကျောက်ဖြူ၊ ကျောက်ခေါင်း၊ မြိုင်နှင့် တောင်သုံးဆယ်ကျေးရွာများမှ ဒေသခံပြည်သူများက ပြင်ပရောက် တအာင်းလူငယ်များနှင့် စေတနာရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် နမ့်ဆန်မြို့–တောင်သုံးဆယ် ဆက်သွယ်လမ်းရှိ ပျက်စီးနေသော လမ်းပိုင်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်ပြီးစီးခဲ့သည်။