Writing တအာင်းပြည် နမ့်ခမ်း၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အမျိုးသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘိန်းဖြူ ၃၉ ဂရမ်၊ ယာမဆေးပြား ၁၂၈ ပြားနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ယခုဖတ်ရန်လူကြည့်အများဆုံး သတင်းများ
Writing တအာင်းပြည် နမ့်ခမ်း၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အမျိုးသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘိန်းဖြူ ၃၉ ဂရမ်၊ ယာမဆေးပြား ၁၂၈ ပြားနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
တအာင်းပြည်၊ မန်တုံမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
တအာင်းမြေတက္ကသိုလ် (TLU) တွင် ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုများကို နိုဝင်ဘာလ (၁၅) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး စနစ်ဟောင်း Grade (10)၊ စနစ်သစ် Grade (12) အောင်မြင်သူများနှင့် CDM ကျောင်းသား/သူများ လျှောက်ထားနိုင်မည်ဖြစ်သည်။ ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များကို Zoom မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း TLU က ထုတ်ပြန်ထားသည်။
တအာင်းပြည်၊ နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အပတ်စဉ် (၂) အရံမီးသတ်သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂၂) ရက်နေ့တွင် ကျင်းပခဲ့ပြီး သင်တန်းအောင်မြင်ပြီးမြောက်သူ (၄၇) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
တအာင်းပြည်၊ နမ္မတူမြို့တွင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်သည့် လူဝင်မှုကြီးကြပ်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအပတ်စဉ် (၂) ကို အောက်တိုဘာ ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦး တက်ရောက်လျက်ရှိသည်။ သင်တန်းကာလ ၂ လခွဲအတွင်း သက်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် အခြေခံတအာင်းရုံးသုံးစာ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂၁) ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါသင်တန်းတွင် ဌာနဆိုင်ရာဝန်ထမ်း သင်တန်းသား/သူ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပြီး တအာင်းစာကို ရုံးလုပ်ငန်းများတွင် မှန်ကန်စွာ ဖတ်ရှုရေးသားအသုံးပြုနိုင်ရန် သင်ကြားပို့ချပေးခဲ့ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
တအာင်းပြည်၊ နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလ (၁၈) ရက်နေ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂) ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဘိန်းဖြူ (၁၅.၄) ဂရမ်၊ စိတ်ကြွဆေးပြား (၃၁၄) ပြားနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ အမျိုးသား (၂) ဦးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
PSLF/TNLA လက်အောက်ရှိ ဦးဂူဆီး ဦးဆောင်သည့် လီဆူတပ်ဖွဲ့ဝင် (၅၀)ကျော်မှ လက်နက်ခဲယမ်းများနှင့်အတူ မြန်မာစစ်ကောင်စီထံ ပူးပါင်းသွားခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်
တအာင်းပြည်အစိုးရ (TLG)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၏ သတင်းနှင့်ပြန်ကြားရေးဌာနအောက်ရှိ Online News၊ Ta’ang FM၊ TV Broadcasting နှင့် စာစောင်ထုတ်ဝေရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရန် သတင်းထောက်၊ ရုပ်သံနှင့် ရေဒီယိုသတင်းတင်ဆက်သူ၊ ဓာတ်ပုံနှင့် ရုပ်သံရိုက်ကူးတည်းဖြတ်သူ၊ Graphics & Infographics Designer များကို ခေါ်ယူလျက်ရှိသည်။ စိတ်ပါဝင်စားသူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် နောက်ဆုံးထား၍ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
Myanmar FDA ၏ စစ်ဆေးတွေ့ရှိချက်များအရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် အစားအသောက်အချို့တွင် သတ်မှတ်ခွင့်ပြုပမာဏထက် ကျော်လွန်သော ဓာတုပစ္စည်းများ၊ တာရှည်ခံပစ္စည်းများနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် မှိုဆိပ်များ ပါဝင်နေကြောင်း သိရသည်။ ထို့ကြောင့် တအာင်းပြည်အတွင်းရှိ ပြည်သူများအနေဖြင့် စံချိန်စံညွှန်းမပြည့်မီသည့် အဆိုပါစားသောက်ကုန်များကို ဝယ်ယူစားသုံးခြင်းမပြုရန်နှင့် ဈေးဆိုင်ပိုင်ရှင်များအနေဖြင့်လည်း ဆက်လက်ဖြန့်ဖြူးရောင်းချခြင်းမပြုရန် တိုက်တွန်းထားသည်။