မိုင်းလုံမြို့တွင် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုဖြင့် ဒေါ်ခင်ကြည်ကို တရားစီရင်ရေးဌာနမှ ထောင်ဒဏ် (၇) နှစ် ချမှတ်
နမ့်ဆန်၊ စက်တင်ဘာ ၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မိုင်းလုံမြို့နယ်၊ ညောင်ထောက်အုပ်စု၊ နားမျော်ကျေးရွာတွင် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးခံရသည့် အသက် (၅၉) နှစ်အရွယ် ဒေါ်ခင်ကြည်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တရားစီရင်ရေးဌာနမှ ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့ပါသည်။
မြို့နယ်ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၌ ၎င်းအမျိုးသမီး၏ နေအိမ်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှ ဘိန်းဖြူထည့်ထားသော ဆပ်ပြာခွက် (၁၄၂) ခွက်နှင့် ယာမဆေးပြား (၁၃၂) ဂရမ် သိမ်းဆည်းရမိခဲ့ပါသည်။
အဆိုပါအမှုကို PSLF/TNLA တရားစီရင်ရေးဌာနမှ ၂၀၂၆ ခုနှစ် ဇွန်လ (၁၀) ရက်နေ့မှ သြဂုတ်လ (၂၉) ရက်နေ့အထိ ရုံးချိန်း (၃) ကြိမ်ပြုလုပ်ခဲ့ပြီး အမှုစီရင်စစ်ဆေးဆုံးဖြတ်ပြီးနောက် ထိုအမျိုးသမီးသည် ပြစ်မှုထင်ရှားကြောင်း အတည်ပြုနိုင်သဖြင့် တရားသူကြီးမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၁ (က) အရ ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့ပါသည်။

ထို့ပြင် ၎င်းအမျိုးသမီးထံ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကို တရားရုံးဘက်မှ သက်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ