2119

နမ့်ခမ်းမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကျန်ရှိသည့် ရွံ့နွံများကို မြို့နယ်တာဝန်ရှိသူနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့မှ ပူးပေါင်းရှင်းလင်း

ဒေသတွင်းသတင်း / ဒေသတွင်း
03 September 2026

နမ့်ခမ်းမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကျန်ရှိသည့် ရွံ့နွံများကို မြို့နယ်တာဝန်ရှိသူနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့မှ ပူးပေါင်းရှင်းလင်း


နမ့်ခမ်း၊ စက်တင်ဘာ ၃ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် သြဂုတ် (၃၀) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီးနောက် ကျန်ရှိခဲ့သော ရွံ့နွံများကို မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ရှင်းလင်းရေးပြုလုပ်ခဲ့ပါသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ခမ်းဖောင်ချောင်းဆုံမှ ရေများသည် လျင်မြန်စွာ စီးဆင်းလာကာ အောင်မေတ္တာရပ်ကွက်၊ ပေါက်နေရပ်ကွက်နှင့် မြေနိမ့်ပိုင်းဒေသအချို့တွင် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ရပ်ကွက်လမ်းများနှင့် နေအိမ်များအတွင်းသို့ ရွံ့ရေများ ဝင်ရောက်ခဲ့သည်။


အဆိုပါရွံ့ရေကြောင့် နေအိမ်အချို့ရှိ ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် လမ်းမများပေါ်တွင် ရွံ့နွံနှင့် အမှိုက်များ စုပုံကျန်ရှိမှုကြောင့် ပြည်သူလူထုများ၏ နေ့စဉ်သွားလာဖြတ်သန်းရေးကို အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။ ထိုကြောင့် ပြည်သူများ၏ သွားလာရေးကို အမြန်ဆုံးပြန်လည်အဆင်ပြေစေရန်အတွက် ယခုလို ရှင်းလင်းရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။


နမ့်ခမ်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေနိမ့်ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသကဲ့သို့ တရုတ်နယ်စပ်ရှိ ရွှေလီမြစ်တစ်လျှောက် ကျေးရွာအချို့တွင်လည်းမြစ်ရေမြင့်တက်မှုကြောင့် မြေပြိုမှုဖြစ်ပွားသည့်နေရာများတွင် သွားလာရှောင်ရှားကြရန်နှင့် အထူးသတိပြကြရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။


Website Official

www.taangland.org



Telegram Official Channel

https://t.me/pslftnlanews



Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV



YouTube Official

https://www.youtube.com/@pslftnlanews



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကျန်ရှိသည့် ရွံ့နွံများကို မြို့နယ်တာဝန်ရှိသူနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့မှ ပူးပေါင်းရှင်းလင်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်