2172

တအာင်းပြည်ကျန်းမာရေးကောင်စီမှ TIH ၏ ဆေးပညာဘွဲ့‌ (M.B.,B.S) အတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရကျောင်းသား/သူများစာရင်း ထုတ်ပြန်ကြေညာ

ဒေသတွင်းသတင်း / ဒေသတွင်း
22 September 2026

တအာင်းပြည်ကျန်းမာရေးကောင်စီမှ TIH ၏ ဆေးပညာဘွဲ့‌ (M.B.,B.S) အတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရကျောင်းသား/သူများစာရင်း ထုတ်ပြန်ကြေညာ


နမ့်ဆန်၊ စက်တင်ဘာ ၂၂ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery (M.B.,B.S)] အတွက် ဒုတိယအကြိမ် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရကျောင်းသား/သူများစာရင်းကို TIH Student Code No. နှင့်တကွ စက်တင်ဘာလ (၂၁) ရက်နေ့တွင် THC မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။


အဆိုပါ ကျောင်းသား/သူများ၏ စာရင်းကို ကြေညာရာတွင် ၎င်းတို့၏ အမည်အတိုကောက် (အင်္ဂလိပ်လို) နှင့် တက္ကသိုလ်ဝင်တန်း ခုံနံပါတ် (သို့မဟုတ်) BECA ID No. များကိုသာ ဖော်ပြထားပါသည်။ 


ထို့အပြင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများသည် လျှောက်လွှာတင်စဉ်က ဖြည့်သွင်းခဲ့သည့် အီးမေးလ် (Email) များသို့လည်း Student Code No. များကို ပေးပို့ထားပြီးဖြစ်သဖြင့် လျှောက်ထားသူများအနေဖြင့် မိမိတို့ အီးမေးလ်များအတွင်း ဝင်ရောက်စစ်ဆေးနိုင်ကြောင့် THC မှ ထုတ်ပြန်ထားပါသည်။ 

 

ယခုစာရင်းအတွင်း၌ မပါရှိသော လျှောက်ထားသူများသည် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် ရွေးချယ်ခံရခြင်း မရှိသူများဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၎င်းစာရင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက Tealand Institutes of Health ၏ တရားဝင် Facebook page၊ Telegram account (@hi9h1ander) နှင့် အီးမေးလ် ([email protected]) မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။


Website Official

www.taangland.org



Telegram Official Channel

https://t.me/pslftnlanews



Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV



YouTube Official

https://www.youtube.com/@pslftnlanews



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ကျန်းမာရေးကောင်စီမှ TIH ၏ ဆေးပညာဘွဲ့‌ (M.B.,B.S) အတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရကျောင်းသား/သူများစာရင်း ထုတ်ပြန်ကြေညာ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်