PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ စက်တင်ဘာလအတွင်း တအာင်းပြည်နယ် မြို့နယ်(၉) ခုမှ ရွာ ၃၁ ရွာရှိ ဒေသခံ (၉၅၄)ဦးအား အမျိုးသမီးနှင့် ကလေးအခွင့်အရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်အန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ယခုဖတ်ရန်တအာင်းပြည်အတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ကျေးရွာများနှင့် အနီးပတ်ဝန်းကျင်များတွင် ကြက်၊ ဝက် အစရှိသည့် အိမ်မွေးတိရစ္ဆာန်များ အစုလိုက်အပြုံလိုက် ရုတ်တရက် သေဆုံးမှုများ ဖြစ်ပွားနေပါက အထူးသတိပြုကြရန်နှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သတင်းပေးပို့ကြရန် တအာင်းပြည်ကျန်းမာရေးကောင်စီ (Ta'ang Land Health Council - THC) မှ တိုက်တွန်းနှိုးဆော်ထားပါသည်။
လတ်တလော နိုင်ငံတကာနှင့် ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပေါ်နေသည့် ဟန်တာဗိုင်းရပ်စ်ခေါ် ကြွက်မှတစ်ဆင့်ကူးစက်တတ်သောရောဂါသည် ကျောက်ကပ်နှင့် အသက်ရှူလမ်းကြောင်းကို ပြင်းထန်စွာ ထိခိုက်စေနိုင်စေပြီး အသက်အန္တရာယ်ရှိနိုင်သည်အထိ အန္တရာယ်ရှိသောကြောင့် တအာင်းပြည်အတွင်းရှိမိဘပြည်သူလူထုများအနေဖြင့် အထူးသတိပြုရန်လိုအပ်ကြောင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'angland Health Council THC)မှ နှိုးဆော် တိုက်တွန်းအပ်ပါသည်။
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မိဘပြည်သူလူထု၏ နေ့စဉ်သွားလာရေး ပိုမိုလုံခြုံချောမွေ့စေရန် ရည်ရွယ်ပြီး ရပ်ကွက်အသီးသီးမှ ပျက်စီးယိုယွင်းနေသောလမ်းများနှင့် တံတားများကို ကွန်ကရစ်လမ်းအဖြစ် စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ