1842

ခိုတင်ကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အမျိုးသား (၂)ဦး သေဆုံး

Local News / Local
01 May 2026

ခိုတင်ကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အမျိုးသား (၂)ဦး သေဆုံး

ကွတ်ခိုင်၊ မေလ ၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ခိုတင်ကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသား (၂)ဦး သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်အရ ယနေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် အသက် (၁၈) နှစ်အရွယ် မိုင်းအိုက်မောက်နှင့် အသက် (၂၂) နှစ်အရွယ် မိုင်းအိုက်လဝတို့ (၂)ဦးသည် (၈၀ မမ) အမျိုးအစား မပေါက်ကွဲသေးသည့် လက်နက်ကြီးကို နေအိမ်အတွင်း ကိုင်တွယ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိ ပစ္စည်းများလည်း ပျက်စီးသွားခဲ့ပြီး ပေါက်ကွဲသွားသည့် လက်နက်ကြီးသည် ကျေးရွာအပြင်ဘက်မှ ကောက်ယူလာခဲ့ခြင်းဖြစ်ပါသည်။ သေဆုံးသွားသည့် အမျိုးသား (၂)ဦး၏ ရုပ်အလောင်းများကို ဒေသခံပြည်သူလူထုများမှ ဝိုင်းဝန်းကူညီကာ မီးသင်္ဂြိုလ်ပေးခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့အတွင်း မပေါက်ကွဲသေးသည့် လက်ကျန်ဒရုန်းဗုံးကို ကိုင်တွယ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေး (၂)ဦးနှင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒေသများနှင့် ကျေးရွာအနီးပတ်ဝန်းကျင်များတွင် မပေါက်ကွဲသေးသော စစ်လက်ကျန်ပစ္စည်းများ ကျန်ရှိနေတတ်သဖြင့် ပြည်သူလူထုများအနေဖြင့် တွေ့ရှိပါက မိမိတို့သဘောဖြင့် ကောက်ယူကိုင်တွယ်ခြင်း၊ နေအိမ်သို့ သယ်ဆောင်လာခြင်းနှင့် စမ်းသပ်ဆော့ကစားခြင်းများ လုံးဝမပြုလုပ်ကြရန် အထူးသတိပြုရန် လိုအပ်ပါသည်။ အဆိုပါပစ္စည်းများ တွေ့ရှိပါက နီးစပ်ရာ တာဝန်ရှိသူများထံ ချက်ချင်းသတင်းပေးအကြောင်းကြား၍ စနစ်တကျ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV


#PSLF/TNLA
#သတင်းနှင့်ပြန်ကြာရေးဌာန

Topics: ခိုတင်ကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အမျိုးသား (၂)ဦး သေဆုံး
Tags: PSLF, TNLA Ta'ang State, Ta'ang Land Three brotherhoods, Ta'ang Government

Comment Lists
Your Thoughts